Sour Cream Pineapple Cupcake (နာနတ်သီး ဒိန်ချဉ်ကပ်ကိတ်)

by Dexter Bistro for Food Magazine

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

သကြားဖြူ  –  ၂/၃ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကြက်ဥ  –  ၂ လုံး (အခန်းအပူချိန်)

Sour Cream ဒိန်ချဉ်  –  ၁ ခွက်

ထောပတ်  –  စားပွဲဇွန်း ၅ ဇွန်း

(မိုက်ခရိုဝေ့မှာ အပူအနည်းငယ်ပေးပြီး အရည်ဖျော်ထားပါ)

Yellow Food Color  –  စိတ်ကြိုက်အရောင်ရသည်အထိ

နာနတ်သီးအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နာနတ်သီးခြောက်  –  ၃/၄ ခွက် (အတုံးသေးသေး)

ပြုလုပ်နည်း

၁။       ခွက်တစ်ခွက်ထဲ ဂျုံမှုန့်၊ သကြားဖြူ၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       အိုးတစ်အိုးထဲ ကြက်ဥ၊ Sour Cream, ထောပတ်နှင့် နာနတ်သီးအနံ့ရည်တို့ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။

၎။       Yellow Food Color ကို မိမိစိတ်ကြိုက်အရောင်ရသည်အထိ ရောမွှေပါ။

၅။       နာနတ်သီးခြောက်အတုံးသေးသေးကို ထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် င်္သို လုပ်ပေးပါ။

၆။       မုန့်နှစ်ကို Cupcake စက္ကူခွက်ထည့်ထားတဲ့ Cupcake Pan ထဲ ၃/၄ ပုံ ပြည့်သည်အထိ ထည့်ပါ။

၇။       Cupcake ၁၂ ခွက် ရပါမယ်။

၈။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီးလျှင် Cupcake ဗန်းကို ၁၈ မိနစ်ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu