Sour Cream Blueberry Cupcake (ဒိန်ချဉ်ဘလူးဘယ်ရီကပ်ကိတ်)

by Dexter Bistro for Food Magazine

          ဒိန်ချဉ်နှင့် ဘလူးဘယ်ရီသီးကို တွဲဖက်ပြီး လုပ်ထားပေးတဲ့ အဲဒီကပ်ကိတ်လေးရဲ့ အရသာကတော့ ဘယ်လိုပြောရမလဲပေါ့နော်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁   ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း (အခန်းအပူချိန်)

သကြား  –  ၁  ၁/၂ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၃ လုံး (အခန်းအပူချိန်)

Sour Cream ဒိန်ချဉ်  –  ၁/၂ ခွက်

Blueberry (ဘလူးဘယ်ရီသီး)  –  ၁/၂ ခွက်

ဂျုံမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးကို သမအောင် ရောနှောပြီး ဆန်ခါစစ်ချပါ။

၂။       နောက်အိုးတစ်အိုးထဲ ထောပတ်နှင့် သကြားကိုရောထည့်၍ လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် ဖြူပြီး ပွလာသည်အထိ မွှေပါ။

၃။       ကြက်ဥနှင့် ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       Sour Cream ဒိန်ချဉ်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ)

၆။       ဘလူးဘယ်ရီသီးကို ခွက်သေးတစ်ခွက်မှာ ဂျုံမှုန့်နဲ့ သမအောင် လူးပေးပါ။

၇။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ Cupcake Pan ထဲ ၃/၄ လောက် ပြည့်တဲ့အထိ ထည့်ပါ။

၈။       ဂျုံမှုန့်လူးထားတဲ့ ဘလူးဘယ်ရီသီးကို ကပ်ကိတ်ခွက်တွေထဲ အညီအမျှ ထည့်ပါ။ (လက်သန်းနဲ့ နည်းနည်းဖိချပေးပါ)

၉။       အာဗင်ကို 350˚F (180˚C) ချိန်၍ ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်ပြီး မိနစ် ၂၀ ခန့် ဖုတ်ပါ။

၁၀။     တုတ်တံချောင်းတစ်ချောင်းနဲ့ ကပ်ကိတ်မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments