Soft Tequila Sunrise

by Bartender Pyone for Food Magazine

          နောက်ဆုံးအနေနဲ့ အလှည့်ကျလာတဲ့ ကော့တေးလ်လေးကတော့ Tequila နဲ့ ဖျော်စပ်ထားတဲ့ ကော့တေးလ် အပျော့စားလေးပါပဲ။ ကော့တေးလ်အပျော့လို့ ပြောလိုက်လို့ မမူးလောက်ဖူးလို့ မထင်ပါနဲ့နော်။ သူ့အတိုင်းအတာနဲ့ သူကလည်း တော်တော်လေး ခရီးရောက်ပါတယ်။ မိန်းကလေးတွေအကြိုက် အပြင်အဆင်လေးနဲ့မို့ သေချာပါတယ်။ အရသာလေးကလည်း မိန်းကလေးတွေအကြိုက် သိပ်မပြင်းတဲ့ အရောအစပ်လေးပါပဲ။ Alcohol ကို တစ်မျိုး ထက်ပိုပြီး မသောက်နိုင်ဘူးဆိုတဲ့သူတွေအတွက် ရိုးရိုးစင်းစင်းနဲ့ ပေါ့ပေါ့ပါးပါး သောက်လို့ကောင်းတဲ့ စတိုင်လ်လေးပါပဲ။ ကဲ… ကြည့်ကြရအောင်ပါ။

ပါဝင်ပစ္စည်းများ

Tequila  –  45 ml

Orange Juice  –  60 ml

Strawberry Syrup  –  20 ml

Lime Juice  –  10 ml

Soda  –  Top up

ပြုလုပ်နည်း

          ကဲ… ဦးစွာ ကော့တေးလ်ဖျော်စပ်မယ့် Shaker ထဲသို့ Tequila, Orange Juice နဲ့ သံပရာရည်အနည်းငယ်တို့ကို ထည့်လိုက်ပါ။ ရေခဲ နှစ်တုံး၊ သုံးတုံးခန့်ထည့်ပြီး ရှိတ်ပါ။ ပြီးလျှင် ဖော်ပြပါဖန်ခွက်ကလေးထဲသို့ လောင်းထည့်ပြီး အပေါ်က Fizzy ဖြစ်စေရန် ဆော်ဒါလေးနည်းနည်းကို ဖန်ခွက်နှုတ်ခမ်းမရောက်တရောက် လောင်းထည့်ပြီးလျှင် နောက်ဆုံးအနေနဲ့ Strawberry Syrup လေးကို  အသာအယာလေး လောင်းထည့်ပြီးပါက ပြီးပြည့်စုံသော Tequila ကော့တေးလ်လေးကို ရပါပြီနော်။ မသောက်ခင် အောက်နားလေးမှာ အနည်ထိုင်နေတဲ့ Strawberry Syrup လေး တွေကို ဇွန်းလေးနဲ့ အသာအယာလေး မွှေပေးလိုက်ဖို့ မမေ့ပါနဲ့နော်။ ကဲ… ဒီတစ်ပတ် TGIF လေးကို ပေါ့ပေါ့ပါးပါး ကော့တေးလ်လေးတွေသောက်ပြီး ဖြတ်သန်းလိုက်ကြရအောင်လား။

Facebook Comments

Menu