Snowy Mocktail

by Pyone for Food Magazine

          နောက်ဆုံး မော့တေးလ်လေးကိုတော့ မော့တေးလ်ဆိုပေမယ့် Smoothies အမျိုးအစားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါရဲ့ အရသာလေးကတော့ ထူးထူးခြားခြား ငှက်ပျောသီးအရသာနဲ့ နာနတ်သီးအရသာနှစ်မျိုးကို ရောစပ်ထားတာလေးပါ။ အဲဒီအပြင်ကိုမှ အပေါ်က စတော်ဘယ်ရီရဲ့ ချဉ်မွှေးမွှေး အရသာလေးပါပေါင်းစပ်ထားတော့ သေချာပါတယ်။ သစ်သီးသစ်နှံ ကြိုက်နှစ်သက်တဲ့သူတွေတော့ အကြိုက်တွေ့စေမှာ အမှန်ပါပဲ။

ပါဝင်သောပစ္စည်းများ

Banana (သီးမွှေးငှက်ပျောသီး)  –  1 pcs

Pineapple Juice (နာနတ်သီး အချိုရည်)  –  240 ml

Vanilla Syrup (ဗနီလာ အဆီရည်)  –  20 ml

Lime Juice (သံပရာရည်)  –  30 ml

Strawberry Syrup  –  30 ml

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဒီမော့တေးလ်လေးကို ဖျော်မယ်ဆိုရင်တော့ ဖျော်ရည်စက် Blender လေးတစ်လုံးတော့ လိုပါလိမ့်မယ်။

၂။       ဖျော်ရည်စက်ထဲကို ငှက်ပျောသီး အနေတော်ခန့် ခပ်မှည့်မှည့်တစ်လုံးလုံးကို အခွံနွှာပြီး ထည့်လိုက်ပါ။

၃။       ပြီးလျှင် City Mart တို့လို ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ နာနတ်သီးဖျော်ရည် အနည်းငယ်ကို ပါဝင်ပါ အချိုးအစားအတိုင်းထည့်ပြီးပါက သံပရာရည် နည်းနည်း ညှစ်ထည့်လိုက်ပါ။

၎။       ငှက်ပျောသီးက သူ့ချည်းပဲဆိုလျှင် ဖျော်လိုက်ရင် အရောင်မည်းသွားတာဖြစ်လို့ ကာလာအဖြူလေးရ အောင်နဲ့ အရသာအတွက်ပါ သံပရာရည်ကို ထည့်ပေးထားတာပါ။

၅။       ပြီးလျှင် ဗနီလာအဆီရည်လေးနည်းနည်းထည့်ပြီး ပါက ရေခဲသုံးတုံးခန့် ထည့်ပြီး စက္ကန့် ၃၀ ခန့် ခပ်ပြင်း ပြင်းလေး မွှေပေးလိုက်ပါက ရေခဲမုန့်လို ရေခဲမွမွလေးနှင့် မော့တေးလ်လေးတစ်ခွက်ရပါပြီနော်။

၆။       ဖန်ခွက်ထဲကို လောင်းထည့်ပြီးပါက နောက်ဆုံးအနေနဲ့ စတော်ဘယ်ရီအဆီ ရည်လေးကို ဖန်ခွက်ပတ်ချာလည် လောင်းထည့်ပြီးပါက ပြီးပြည့်စုံတဲ့ မော့တေးလ် Smoothie လေး တစ်ခွက်ကို ပိုင်ဆိုင်သွားပါပြီ။ သောက်မယ်ဆိုရင်တော့ ရေခဲမပျော်သေးခင် ဇွန်းနဲ့ ခပ်စားလို့လည်းရသလို ပိုက်ကလေးနဲ့ သောက်ရင် အဆင်ပြေပါတယ်နော်။ ကဲ… ဒီဇင်ဘာလရဲ့  နေ့လယ်ခင်းလေးကို မော့တေးလ်အေးအေးလေး တစ်ခွက်နဲ့ ကျော်ဖြတ်လိုက်ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။

Facebook Comments