Snowy Fallen

by Bartender Pyone for Food Magazine

          နောက်ဆုံး ကော့တေးလ်အနေနဲ့ ဖော်ပြပေးချင်တာကတော့ Shooter အမျိုးအစား ကော့တေးလ်လေးပါပဲ။ အဲဒါကတော့ အရက်ချိုနှစ်မျိုးကို ပမာဏအတူတူ အချိုးကျ ပေါင်းစပ်ပေးထားတဲ့အပြင် အပေါ်ကနေ သကာအုပ် ခရင်မ်လေးပါ တင်ပေးထားလို့ ကော့တေးလ်သောက်တဲ့ မတူဘဲ Dessert  လေးစားနေရသလိုပဲနေမှာပါ။ Baileys Irish Cream Liqueur က ကြိုက်တဲ့သူများကတော့ တကယ်ကို မြည်းစမ်းသင့်တဲ့ ကော့တေးလ်လေးလို့ ထင်ပါတယ်။

          ကဲ… ဘာတွေလိုမလဲလို့ ကြည့်ကြရအောင်ပါ။

ပါဝင်ပစ္စည်းများ

Mint Liqueur  –  20 ml

Baileys Irish Cream  –  20 ml

Topping Cream  –  On top

ပြုလုပ်နည်း

ကဲ… လိုအပ်တာကတော့ ၃ မျိုးတည်းပါ။ ဦးစွာ ဖျော်စပ်မယ့် ဖန်ခွက်ကလေးထဲကို Mint Liqueur 20 ml ခန့် ထည့်လိုက်ပါ။ ပြီးလျှင် အပေါ်က Baileys Cream ကို ဇွန်းလေးနှင့် အသာအယာ ဖြည်းညင်းစွာ လောင်းထည့်ပြီး နောက်ဆုံးအနေနဲ့ ခရင်မ်လေးအနည်းငယ်ကို Top up တင်ပြီးသွားလျှင် ပြီးပါပြီ။ Baileys ရဲ့ ချိုမြတဲ့အရသာကို ပူရှိမ်းရှိမ်း Mint Liqueur လေးနဲ့အတူ မွှေးပျံ့တဲ့ ခရင်မ်လေးကိုပါ တစ်ပြိုင်နက် အရသာခံစားနိုင်မှာမို့ တစ်ခွက်တည်းနဲ့တင် ရပ်လို့ရမယ်လို့တော့ မထင်ပါဘူးနော်။ ကဲ… ကော့တေးလ်များ ဖျော်သောက်ပြီး ဘဝအမောတွေ ပြေနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

Facebook Comments