Sea Bottom

by Bartender Pyone for Food Magazine

          ဒီလအတွက် ကော့တေးလ်ကဏ္ဍကတော့ Vodka ပရိသတ်တွေအတွက်ပဲ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီ ကော့တေးလ်လေးကိုလည်း Vodka နဲ့ ဖျော်စပ်ထားတာပါ။ သူ့ရဲ့ ကော့တေးလ်အရောင်လေးကတော့ အပြာရောင် လဲ့လဲ့လေးမှာမှ Bailey’s Irish နဲ့ ရောစပ်ထားလို့ ပင်လယ်ကြမ်းခင်းလေးကို မျက်မြင်တွေ့ရသလို ခံစားမိမှာပါ။ သူ့အရသာလေးကတော့ အချိုဘက်လည်းမရောက်၊ အစိမ့်ဘက်လည်းမရောက် အနည်းငယ် ပျင်းပေမယ့် မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ အပျင်းပြေသောက်မယ်ဆိုရင် ရွေးချယ်လို့ရမယ့် အရသာအနေ အထားလေးလို့ ပြောလို့ရပါတယ်။ ကဲ… ဘယ်လိုဖျော်ရင်ကောင်းမလဲ ကြည့်ကြရအောင်ပါ။

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့ –

Vodka  –  45 ml

Bailey’s Irish Cream   –  30 ml

Blue Curacao  –  30 ml

Coca Cola   –  Top up

ပြုလုပ်နည်း

          အရမ်းလွယ်တဲ့ ဒီကော့တေးလ်ဖျော်စပ်နည်းလေးကို Build up နည်းလေး သုံးထားပါတယ်။ ဦးစွာ ကော့တေးလ် ဖျော်မယ့် ခွက်ကလေးယူလိုက်ပါ။ ရေခဲ သုံး၊ လေးတုံးလောက် မပြည့်တပြည့်လောက်ဆို ရပါပြီ။ ပြီးလျှင် ခြင်ခွက်ကလေးနှင့် Vodka 45 ml ကို  အရင်ထည့်လိုက်ပါ။ ထို့နောက် အပြာရောင် Blue Curacao 30 ml ကို ထည့်ပြီးပါက Iris Cream ကို သူ့ပါဝင်အချိုးအစားအတိုင်း ထည့်လိုက်ပါ။ နောက်ဆုံးအနေနှင့် Coca Cola ကို ဖန်ခွက်နှုတ်ခမ်း မပြည့်တပြည့် ဖြည့်ပြီးပါက ပြီးပြည့်စုံသော ကော့တေးလ်လေးကို ရရှိပါပြီနော်။ သူ့အရသာကတော့ ဘယ်လိုပြောရမလဲ။ Oishi …~~~ အဲ…ရောကုန်ပြီ။ သိချင်ရင်တော့ သောက်ကြည့်ကြပါလို့… မဟုတ်ပါဘူးနော်။ >> ကိုလာရဲ့ အေးမြတဲ့အရသာလေးကို Vodka နှင့် Bailey’s တို့ရဲ့ ချိုမြမြ စိမ့်စိမ့် ရှတတအရသာလေးနဲ့ တွဲဖက်ပေးထားလို့ တစိမ့်စိမ့် အရသာခံသောက်လို့ ကောင်းနိုင်မယ့် ကော့တေးလ်လေးလို့ ပြောပါရစေ။ ကဲ… ဒီကော့တေးလ်လေးကိုလည်း နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

Facebook Comments