Save in Fresh

Save in Fresh

       နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ရာသီပေါ်သီးနှံလေးနဲ့ လုပ်ထားတဲ့ Mocktail လေးပါပဲ။ လမ်းသွားရင်း နာနတ်သီးစိတ်ကလေးများ ရောင်းနေတာတွေ့လို့ များကတော့ ကျော်မသွားပဲ မော့တေးလ်ဖျော်ရအောင် ဝယ်လာခဲ့ပါတော့။ ဒီရာသီမှာ ပေါပေါများများတွေ့ရတတ်တဲ့ နာနတ်သီးက သူ့ချည်းပဲစားရင်လည်း အရမ်းကောင်းသလို သခွားသီးနဲ့အတူ အခုလိုဖျော်သောက်မယ်ဆိုရင်လည်း သူ့အရသာက စွဲမက်စရာပါပဲ။ နေ့လည်နေ့ခင်း အိမ်မှာအနားယူရင်း မော့တေးလ် အပျင်းပြေဖျော်သောက်မယ်ဆိုရင် လွယ်ကူပြီး အရသာကလည်း အတော်ပဲမို့ ရာသီပေါ် Mocktail လေးအဖြစ် ဖော်ပြလိုက်ရပါတယ်။ အရည်သောက်ပြီးပါကလည်း အဖတ်ကလေးတွေကို ဇွန်းလေးနဲ့ခပ်စားနိုင်တာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် Mocktail လဲဖျော်သောက်ဖြစ် အသီးအနှံလည်း စားဖြစ်ပေါ့နော်။

►   ပါဝင်ပစ္စည်းတွေကတော့

♦   Pineapple နာနတ်သီး   –   ၂ စိတ် ( တစ်လက်မခန့်)

♦   Cucumber သခွားသီး   –   ၂ စိတ်( အစိတ်သေး)

♦   Gin ချင်း   –   ၁ စိတ်(သေးသေးပါးပါး)

♦   Sugar သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Mojito syrup   –   10 ml

♦   Coca cola ကိုကာကိုလာ   –   Top Up

►   ပြုလုပ်ပုံကတော့

      ရှေးဦးစွာ နာနတ်သီး၊ သခွားသီးတို့ကို အစိတ်သေးသေးလေးတွေအဖြစ် စိတ်လိုက်ပါ။ ထို့နောက် ချင်းကို အစိတ်ပါးပါး သေးသေးစိတ်ထားပါ။ ပြီးလျှင် ဖော်ပြပါ ဖန်ခွက်အမျိုးအစားထဲသို့ သကြားတစ်ဇွန်း၊ နာနတ်သီး၊ သခွားသီးနှင့် ချင်းဖတ် တစ်ပြားကိုထည့်ကာ Muddler နှင့်အနှံ့ ကြိတ်ချေလိုက်ပါ။ နာနတ်သီး၊ သခွားသီးတို့ကို ကြေမွနေအောင် ကြိတ်ချေနိုင်ပါက ပိုကောင်းပေမယ့် ချင်းကိုတော့ အနံ့ထွက်ရုံသာ ဂရုစိုက်ချေမွပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြီးလျှင် နာနတ်သီးဖတ်၊ သခွားသီးဖတ်လေးတွေ ယူစားတဲ့အခါ ချင်းဖတ်မကြိုက်ရင် အသာဖယ်ထားလို့ရအောင်ပါ။ ပြီးလျှင် Mojito syrup အနည်းငယ်ကို ချင်တွယ်ထည့်ပါ။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲထည့်ကာ နောက်ဆုံးပိတ်အနေနဲ့ အနည်းငယ်ကို လောင်းထည့်လိုက်ပြီလျှင် အသင့်သုံးဆောင်လို့ရပါပြီ။ အားလုံးပြီးလျှင် နာနတ်သီးလေးတစ်စိတ်၊ သခွားသီးလေးတစ်စိတ်နဲ့ အလှဆင်ဖို့ မမေ့ပါနှင့်ဦးနော်။ ကဲ . . . နောက်ဆုံးမှာတော့ နာမည်နဲ့လိုက်အောင် လန်းဆန်းမှုပေးနိုင်တဲ့ Fizzy ဖြစ်သော Mocktail လေးတစ်ခွက်ကို ရပါပြီရှင် . . . ။

အားလုံးပဲ Mocktail ဖျော်သောက်ပြီး စိတ်ပျော်ရွှင် ကျေနပ်နိုင်ကြပါစေ . . . ။

♦    Pyone   ♦

Facebook Comments