Sangaria

Sangaria

          Red Wine ကို အသုံးပြုထားတဲ့ ကော့တေးလ်လေးပါ။ သူကတော့ Wine ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ ငြင်းစရာမရှိအောင် ကောင်းပါတယ်။ Wine ကို သူ့ချည်းပဲ သောက်ရတာ ပျင်းလာပြီဆိုရင်တော့ အခုလို အရသာစုံလင်စွာ ဖျော်စပ်ပြီးသောက်လျှင် မိန်းကလေးတွေလည်း ကြိုက်နှစ်သက်ကြတာမို့ Gathering ပွဲလေးတွေလိုမျိုးမှာ မိန်းကလေးတွေရော ယောက်ျားလေးတွေပါ အပျင်းပြေဖျော်သောက်လို့ရအောင် ထည့်ပေးထားပါတယ်။ ဒီကော့တေးလ်လေးရဲ့ မူရင်းဇစ်မြစ်ကို ပြောရမယ်ဆိုရင် Sangaria လို့ခေါ်တဲ့ ကော့တေးလ်လေးကို နည်းနည်းပြင်ထားတာပါ။ Sangria Cocktailဟာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ အရမ်းပေါ်ပြူလာဖြစ်တဲ့ Cocktail လေးပါ။ ပါတီတွေ Gatheringပွဲတွေလိုမျိုးမှာ Sangaria Cocktail ဟာ မပါမဖြစ်လို့ပြောလို့ရအောင်ကို လူအများ ကြိုက်နှစ်သက် ကြပါတယ်။ သူတို့ဆီကပွဲတွေမှာ အခုလို သစ်သီးတွေနှင့် Sangaria ကို Bowl အကြီးကြီးတွေနှင့် လူအများစာ တစ်ခါတည်းဖျော်ထားတာမို့ နှစ်သက်သလို ကြိုက်သလောက် ထည့်သောက်နိုင်တာမို့ ပါတီ Drinks တစ်ခုအတွက်ဆိုရင် Sangaria ဟာ အသင့်တော်ဆုံးပါပဲ။ Shakerတွေ Strainer တွေမလိုတာမို့ အလွယ်တကူ ဖျော်သောက်လို့ ရပါတယ်နော်။

►   ‡ ပါဝင်တဲ့ပစ္စည်းတွေကတော့

♦   Red Wine   –   60 ml

♦   Vodka   –   30 ml

♦   Cranberry Juice   –   90 ml

♦   Peach Syrup   –   20 ml

♦   Apple Slice   –   a little‡

ပြုလုပ်ပုံကတော့

          ရှေးဦးစွာ ပန်းသီးကို ပုံပါအတိုင်း သေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ ပန်းသီး အစိမ်းရောင်လည်း ကောင်းသလို အနီရောင်ဆိုရင်လည်း အဆင်ပြေပါတယ်။ တကယ်လို့ ပန်းသီး မကြိုက် လို့ တခြားအသီးအနှံတစ်ခု ထည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ သင့်လျော်တဲ့ အသီးအနှံတွေကတော့ လိမ္မော်သီး၊ ဘယ်ရီသီး၊ နာနတ်သီး၊ စပျစ်သီး၊ ကီဝီသီး၊ သရက်သီး စသဖြင့် အချဉ်အရသာ နည်းနည်းပါတဲ့ သစ်သီးတွေဆိုရင် ပိုကောင်းပါတယ်။ ကိုယ်နှစ် သက်ရာအသီးအနှံကို ရွေးချယ်ပြီး ထည့်လို့ရပါတယ်။ ပြီးလျှင် Vodka ၊ ဘယ်ရီ Juime ၊ Peach Syrup စတာတွေကို ပါဝင်အချိုးအဆအတိုင်း ထည့်လိုက်ပါ။ ထို့နောက် ဇွန်းနှင့်သမအောင် မွှေပြီးလျှင် ရေခဲသေတ္တာထဲမှာ ထည့်ကာ အအေးခံပြီးလျှင် သောက်လို့ရပါပြီ။ ဝိုင်နှင့် Peach တို့ရဲ့အရသာက သစ်သီးထဲသို့ပျော်ဝင်သွားကာ သစ်သီးကိုလည်းစားရင်း ကော့တေးလ်လည်းသောက်ကာ သူငယ်ချင်းတွေနဲ့အတူ အဓိပ္ပာယ်ရှိသော ညနေခင်းလေးတစ်ခုကို ဖြတ်သန်းလို့ရပါပြီ။

♦   Pyone   ♦

Facebook Comments