Red Dragon

by Bartender Pyone for Food Magazine

          နောက်ဆုံးအနေနဲ့ ဖော်ပြပေးချင်တာကတော့ ဖျော်စပ်တဲ့သူအနေနဲ့ အကြိုက်တွေ့မိတဲ့ နဂါးမောက်သီး မော့တေးလ်လေးပါပဲ။ နဂါးမောက်သီးကတော့ သူ့ချည်းပဲ စားမယ်ဆိုလျှင် အရသာပေါ့တာမို့ ကြိုက်နှစ်သက်သူတွေရှိသလို အခုလို အချိုအချဉ် အရသာပြည့်စုံအောင် ဖျော်သောက်မယ်ဆိုရင်လည်း လူကြီးတွေပါ နှစ်သက်နိုင်မယ့် မော့တေးလ်ဆိုလျှင်လည်း မမှားပါဘူး။

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့…

Dragon Fruit (နဂါးမောက်သီး)  –  Half potion

Peach Syrup  –  30 ml

Jasmine Green Tea (စံပယ်လက်ဖက်ခြောက်)  –  2 teaspoons

Mint Leaves (ပူဒီနာ)  –  2-3 springs

Lime Juice  (သံပရာရည်)  –  20 ml

ပြုလုပ်နည်း

          ဦးစွာ Green Tea ဖတ်ကလေးများကို ရေနွေးပူပူနှင့် ရေနွေးကြမ်းလေး တစ်ခွက်ရအောင် စိမ်ထားလိုက်ပါ။ ပြီးလျှင် Balender တစ်လုံးထဲသို့ နဂါးမောက်သီး အနီရောင်ရလျှင် အနီရောင် (သို့) အဖြူရောင် ကြိုက်နှစ်သက်လျှင်လည်း အဖြူရောင် နဂါးမောက်သီး တစ်ခြမ်းခန့်ကို စိတ်ပြီး ထည့်လိုက်ပါ။ ပြီးလျှင် စောစောက ခဏနှပ်ထားသော လက်ဖက်ရည်တစ်ခွက်စာကို အဖတ်ကလေးများ ဆယ်ပြီး ထည့်ပြီးပါက Peach Syrup နှင့် သံပရာရည် အနည်းငယ်ခန့်တို့ကို ထည့်ကာ ရေခဲ ၂ တုံး၊ ၃ တုံးခန့်နှင့် နဂါးမောက်သီးလေးများ ကြေမွသွားအောင် ကြိတ်ခြေပြီးပါက ဖန်ခွက်ကလေးထဲသို့ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။ ပြီးလျှင် Garnish လေးလည်းတပ်ဖို့ မမေ့ပါနဲ့ဦးနော်။ ဒီလအတွက်တော့ အခုဖော်ပြထားတဲ့  ကော့တေးလ်၊ မော့တေးလ်လေးများနဲ့ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်လများမှာ ဘယ်လိုပုံစံလေးတွေနဲ့ ဘယ်လိုအရသာလေးတွေ ထပ်လာဦးမလဲဆိုတာ စောင့်မျှော်လိုက်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ်။

Facebook Comments