Raisin White Chocolate Green Tea Mayonnaise Cupcakes (ချောကလက်ဖြူ စပျစ်သီးခြောက်ဂရင်းတီး မရောနိစ်ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          ဂျပန်ဗားရှင်းလေးနဲ့ လုပ်ပေးလိုက်တဲ့  ဒီကပ်ကိတ်လေးမှာ ချောကလက်ဖြူစေ့လေးတွေနဲ့ စပျစ်သီးခြောက် အရသာ ၂ မျိုးက လျှာပေါ်မှာ တင်ကျန်ရစ်မှာပါ။

ပါဝင်ပစ္စည်းများ

ရိုးရိုးဂျုံမှုန့်  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Green Tea Powder  –  စားပွဲဇွန်း ၁ ဇွန်း

မရောနိစ်  –  ၁ ခွက်

နွားနို့  –  ၁ ခွက်

စပျစ်သီးခြောက်  –  ၃/၄ ခွက်

(၁/၂ ခွက်ကို မုန့်နှစ်ရည်ထဲ ရောထည့်ပြီး ၁/၄ ခွက်ကို မုန့်ခွက်အပေါ်တင်ပါ)

White Chocolate Chip  –  ၁/၂ ခွက်

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးထဲ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင် ဆော်ဒါပွဆေး၊ ဆားနှင့် Green Tea Powder တို့ကို ရောထည့်၍ သမအောင် မွှေပြီး ဆန်ခါစစ်ချပါ။

၂။       အိုးသေးတစ်အိုးထဲ မရောနိစ်နှင့် နွားနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       မရောနိစ်နဲ့ နွားနို့အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၎။       စပျစ်သီးခြောက် ၁/၂ ခွက်နှင့် White Chocolate Chip  ၁/၄ ခွက်ကို လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၅။       အရောအနှောကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ ၃/၄ ပြည့်ရုံ အညီအမျှ ဖြည့်ထည့်ပါ။

၆။       ကျန်ရှိတဲ့ စပျစ်သီးခြောက် ၁/၄ ခွက်နှင့် White Chocolate Chip  ၁/၄ ခွက်ကို ကပ်ကိတ်ခွက်တွေအပေါ် အညီအမျှထည့်ပေးပြီး လက်သန်းနဲ့ ဖွဖွဖိချပေးပါ။ (ကပ်ကိတ် ၁၂ ခွက် ရပါမယ်။)

၇။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကိုထည့်၍ ၂၅-၃၀ မိနစ်ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu