Raisin Cinnamon White Chocolates Smoothie

kzb_2

kzb_3

kzb_4

kzb_5

            ဒီလဟာ ၂ဝ၁၅ ရဲ့ နောက်ဆုံးဖြစ်ပြီး ဆောင်းရာသီရောက်ပြီမို့ နှင်းမှုန်များ၊ မြူမှုန်များ၊ မြူများ ဆိုင်းနေတာနဲ့ December လအတွက် နှင်းမှုန်များရဲ့ ကိုယ်စားပြု Drink တစ်ခွက် ဖန်တီးဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒီလ Drink လေးရဲ့ အမည်ကတော့ Raisin Cinnamon White Chocolate Smoothie ပဲ ဖြစ်ပါတယ်။

            Smoothie တစ်ခွက်ဖြစ်တဲ့အလျောက် အရေးကြီးတဲ့ ပါဝင်ပစ္စည်းကတော့ ရေခဲညက်ညောမှုရှိအောင် သုံးရမယ့် U.S.A ထုတ် အရည်အသွေးကောင်း Davinci Frappease Powder Courment White Chocolate Sauce ကို သုံးပါအုံးမယ်။ ဒီ Drink လေးကို ပိုထူးဆန်းစေဖို့အတွက် စပျစ်သီးခြောက် Raisin နဲ့ ရနံ့မွှေးတဲ့ Cinnamon Powder တို့ကို သုံးပါမယ်။ Smoothie ကောင်းတစ်ခွက်ရနိုင်ဖို့ ပြင်ဆင်တဲ့ နေရာမှာ အဓိကလိုအပ်တဲ့ စက်ပစ္စည်းကတော့ Professional ဖြစ်ပြီး အခုပြင်ဆင်တဲ့အခါမှာ Element မှ ဖြန့်ချိတဲ့ U.S.A ထုတ် အရည်အသွေးကောင်း ကမ္ဘာကျော် Vitamix Professional Blender ကို အသုံးပြုသွားပါမယ်။ ရေခဲညက်ညောမှုနဲ့ ဖျော်စပ်တဲ့အခါမှာ Smoothie အရည်မပျော်ဖို့အတွက် ဒီ Blender ကနေ အဓိက လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ပြင်ဆင်တင်ဆက်မယ့် နေရာကတော့ Element Coffee Academy (ECA) & Training ကော်ဖီသင်တန်းကျောင်းမှာ ဖြစ်ပါတယ်။

Raisin Cinnamon White Chocolates Smoothie

►   ပါဝင်ပစ္စည်းများ

♦   Davinci Gourmet White Chocolate Sauce   –   30 ml

♦   Davinci Frappease Powder   –   40 gm

♦   Dried Raisin Chope   –   38 gm

♦   Cinnamon Powder   –   3 gm

♦   Milk   –   3 oz

♦   Ice   – 16 oz

►   ပြုလုပ်ပုံအဆင့်များ

၁။         Davinci Frappease Powder, White Chocolate Sauce, Dried Raisin Chop လေးများနှင့် Milk, Cinnamon Powder, Ice တို့အားလုံးကို Blender ထဲသို့ ထည့်ပြီး မွှေလိုက်ပါ။

၂။         ရေခဲညက်ညောမှုရှိလာသည့်အခါ ရပ်ပြီး စပျစ်သီးခြောက်အတုံးလေးများ ထည့်ကာ ထပ်မံ၍ Blender တွင်း အနည်းငယ် ကြိတ်လိုက်ပါ။

၃။         အပေါ်ဆုံးမှ Decoration အတွက် စပျစ်သီးခြောက်တုံးအနည်းငယ်နှင့် Cinnamon Powder မှုန့်အနည်းငယ် ထပ်တင်၍ အလှဆင်လိုက်ပါ။

♦    Ko Zaw Phone    ♦

Facebook Comments