Raisin Cinnamom Scone (စပျစ်သီးနှင့် သစ်ကြံပိုးမှုန့်စကုံး)

by Dexter’s Bistro for Food Magazine

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁/၂ ခွက်

ဘေကင်ပေါင်ဒါမှုန့်  –  လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သစ်ကြံပိုးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း

(ထောပတ်ကို ရေခဲသေတ္တာထဲ သိမ်းဆည်းထားပြီး အသုံးပြုချိန်မှ ထုတ်ယူပါ။)

နွားနို့  –  စားပွဲဇွန်း ၆ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (ခေါက်ရိုက်ထားပါ)

(စားပွဲဇွန်း ၄ ဇွန်းကို အသုံးပြုပြီး ကျန်တာကို Egg Wash အနေနဲ့ သုံးပါ။)

Dried Raisin (စပျစ်သီးခြောက်)  –  ၃/၄ ခွက်

Cinnamon Sugar Powder  –  Cinnamon မှုန့် စားပွဲဇွန်း ၁/၂ ဇွန်းနှင့် သကြား စားပွဲဇွန်း ၂ ဇွန်းတို့ကို ရောပါ။

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါမှုန့်၊ ဆားနှင့် သစ်ကြံပိုးမှုန့်တို့ကို ရောနှောပြီး သမအောင် မွှေပါ။

၂။       ထောပတ်ကို ရေခဲသေတ္တာထဲက ထုတ်ပြီး အတုံးသေးသေးဖြတ်ထုတ်၍ ဂျုံမှုန့်အရောအနှောထဲ ဇွန်းတစ်ချောင်းနဲ့ ဖိချပြီး သမအောင် ရောနှောပေးပါ။

၃။       ထောပတ်နှင့် ဂျုံမှုန့် သမပြီး ရောနှောသွားလျှင် မုန့်သားအတုံးသေးသေးလေးနဲ့ ဖွယ်ဖွယ်လေး ဖြစ်လာပါမယ်။

၎။       နွားနို့ ၆ ဇွန်းနှင့် ကြက်ဥ ၄ ဇွန်းကို ရောနှောပြီး မုန့်သားထဲ လောင်းထည့်၍ ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၅။       Dried Raisin စပျစ်သီးခြောက်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       မျက်နှာပြင်တစ်ခုမှာ ဂျုံမှုန့်ဖြူး၍ မုန့်လုံးကို တင်ပြီး Knead ၄ ခါ၊ ၅ ခါလောက် လုပ်ပေးပါ။ (Knead လုပ်ခြင်းက ပေါင်မုန့်လုပ်ချိန် ဂျုံထည့်ပြီး ရောနှောနယ်ခြင်း သဘောတရားပါပဲ။)

၇။       မုန့်လုံးကို ၈ လက်မ မျဉ်းစောင်းရှိတဲ့ မုန့်လုံးစက်ဝိုင်းပြားလုပ်ပြီး ၈ စိတ်အညီ စိတ်ပါ။

၈။       Parchment စက္ကူခင်းထားတဲ့ဗန်းထဲ မုန့်အစိတ် ၈ စိတ်ကို အထက် ၄ စိတ်၊ အောက်  ၄ စိတ် ပြောင်းပြန်ထားပြီး စီထည့်ပါ။

၉။       ကျန်ရှိတဲ့ ကြက်ဥအနှစ်ရည်ကို မုန့်သားမျက်နှာပြင်ပေါ် အညီအညာ သုတ်လိမ်းပြီး Cinnamon Sugar Powder အရောအနှောကို ဖြူးပေးပါ။

၁၀။     အာဗင်ကို 425˚F (220˚C) ချိန်ပြီး Preheat လုပ်ပြီးလျှင် မုန့်ဗန်းကို ၁၀ မိနစ် (သို့) ၁၂ မိနစ်ခန့် ဖုတ်ပါ။

၁၁။     မုန့်သားအနားစွန်း အညိုဖျော့သန်းလာလျှင် အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu