Rainbow Donut (သက်တံရောင်စုံဒိုးနပ်)

by Dexter’s Bistro for Food Magazine

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်  –  ၁  ၁/၂ ခွက်

သကြားဖြူရိုးရိုး  –  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောပတ် (အခန်းအပူချိန်)  –  စားပွဲဇွန်း ၂ ဇွန်း

(မိုက်ခရိုဝေ့မှာ စက္ကန့်အနည်းငယ် အပူပေးပြီး ပျော်ပါစေ)

ကြက်ဥ (အလုံးကြီး)  –  ၁ လုံး (အခန်းအပူချိန်)

နွားနို့  –  ၁/၄ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

Food Color အရောင်ဆိုးဆေး  –  နီ၊ ပြာ၊ စိမ်း၊ ဝါ (စိတ်ကြိုက်အရောင်ရသည်အထိ)

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးမှာ ဂျုံမှုန့်၊ သကြားဖြူနှင့် ဘေကင်ပေါင်ဒါ ပွဆေးတို့ကို ရောနှောပြီး သမအောင် မွှေပါ။

၂။       နောက်အိုးသေးတစ်အိုးမှာ ကြက်ဥကို ခေါက်ထည့်ပြီး နည်းနည်းရိုက်ပါ။

၃။       နွားနို့နှင့် ထောပတ်ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ကြက်ဥနွားနို့ အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၆။       မုန့်နှစ်ရည်ကို ခွက်သေး ၄ ခွက်မှာ အညီအမျှခွဲထည့်ပြီး တစ်ခွက်စီကို နီ၊ ပြာ၊ စိမ်း၊ ဝါ အရောင် ၃ စက်စီ (သို့) ကိုယ့်စိတ်ကြိုက် အရောင်ရလာသည်အထိ ထည့်ပြီး မွှေပါ။

၇။       မုန့်နှစ်ရည်အရောင်တစ်မျိုးစီကို အလုံပိတ်နိုင်တဲ့ Zip ပါတဲ့ ပလတ်စတစ်အိတ်ထဲ လောင်းထည့်ပါ။ (နီ၊ ပြာ၊ စိမ်း၊ ဝါ ပလတ်စတစ်အိတ် ၄ အိတ်ရပါမယ်။)

၈။       ထောပတ် (သို့) Cooking Spray သုတ်လိမ်းထားတဲ့ ဒိုးနပ်ပဲန်ထဲ အနီရောင်မုန့်နှစ်ရည်ကို တစ်ကွက်အရင် အညီအညာညှစ်ထည့်ပါ။

၉။       နောက်တစ်ဆင့် အပြာ၊ အစိမ်း၊ အဝါ အစီအစဉ်အလိုက် ညှစ်ထည့်ပါ။

၁၀။     အာဗင်ကို 350˚F (180˚C) ချိန်ပြီး ၁၀ မိနစ် ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၉ မိနစ် ဖုတ်ပါ။

၁၁။     Donut Pan ကို အာဗင်က ထုတ်ယူပြီး ခဏအအေးခံပြီးလျှင် အဆင်သင့်စားသုံးနိုင်ပါပြီ။

          (မှတ်ချက် – Donut ၆ ခု ရပါမယ်။)

www.facebook.com/Dexter Ng

Facebook Comments