
24 - July - 2019
Pumpkin Pasta (ရွှေဖရုံသီး အီတလီခေါက်ဆွဲ) (သက်သတ်လွတ်)
by Myint Oo Thar for Food Magazine
Creamy သက်သတ်လွတ် Pasta ချက်မယ်ဆိုလျှင် သဘာဝအတိုင်း အချိုဓာတ်ရတဲ့ ရွှေဖရုံသီးကိုသုံးတာ အကောင်းဆုံးပါပဲ။ ရွှေဖရုံသီးအနှစ်က ပျစ်ပျစ်လေးနဲ့ ချိုနေတာ ဖြစ်လို့ Pasta နဲ့ ရောမွှေလိုက်ရုံပါပဲ။
ပါဝင်ပစ္စည်းများ
အီတလီခေါက်ဆွဲ – ၅၀ဝ ဂရမ်
ရွှေဖရုံသီး – ၅၀ဝ ဂရမ် (အခွံနွှာပြီး အတုံးတုံးထားပါ)
ချင်း – ၁၀ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ – ၁၂ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၅၀ ဂရမ် (ပါးပါးလှီးထားပါ)
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
Paprika Powder – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံလွင်ဆီ – စားပွဲဇွန်း ၂ ဇွန်း
ရေ – ၈၀ဝ မီလီလီတာ
ပြုလုပ်နည်း
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။
၂။ မွှေးလာလျှင် အသင့်တုံးထားတဲ့ ရွှေဖရုံသီးထည့်ပြီး ကြော်ပါ။
၃။ ပြီးလျှင် ရေထည့်ပြီး ရွှေဖရုံသီး နူးတဲ့အထိ ချက်ပါ။
၎။ ရွှေဖရုံသီးနူးလျှင် အအေးခံထားပါ။
၅။ ရွှေဖရုံသီးအေးသွားလျှင် Blender ထဲ ထည့်ပြီး ကြိတ်ပါ။
၆။ အားလုံးကြေသွားလျှင် အိုးထဲပြန်ထည့်ပြီး အပူပေးပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်း မှုန့်နှင့် Paprika Powder ထည့်ပြီး မွှေပါ။
၇။ အီတလီခေါက်ဆွဲအမျိုးအစား၊ Macaroni ဒါမှမဟုတ် Shell Pasta ကို အထုပ်ရဲ့ အညွှန်းမှာပါတဲ့အတိုင်း ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ချက်ထားတဲ့ ရွှေဖရုံသီးအနှစ်နဲ့ ရောပြီး မွှေပါ။
၈။ သက်သတ်လွတ်မဟုတ်လျှင် သံလွင်ဆီအစား ထောပတ်သုံးပြီး စားတဲ့အခါ Parmesan Cheese ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။