Portuguese Egg Tart

Evy_2_01

Evy_2_02

Portuguese Egg Tart

            ဒီကြက်ဥမုန့်ကတော့ ခါတိုင်းလို ပုံမှန်မုန့်သားမဟုတ်ဘဲ Puff Pastry ကို အသုံးပြုထားတဲ့မုန့်ပါ။ စင်္ကာပူမှာတော့ KFC လိုမျိုးဆိုင်တွေမှာ Portuguese Egg Tart ဆိုပြီး ရောင်းပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   Ready made puff pastry

♦   ကြက်ဥ   –   ၃ လုံး

♦   ကြက်ဥအကာ   –   ၁ ခု

♦   သကြား   –   ၁ဝဝ ဂရမ်

♦   ရေ   –   ၁ဝဝ ဂရမ်

♦   နွားနို့   –   ၂ဝဝ ဂရမ်

►   မုန့်ဖုတ်နည်းအဆင့်ဆင့်

၁။        ပထမဆုံး Puff Pastry ကိုမသုံးခင် ပျော့သွားအောင် ရေခဲသေတ္တာထဲမှ ၁ဝ မိနစ်ခန့်ကြိုထုတ်ပါ။

၂။        ပျော့သွားရင် အဝိုင်းပုံဖြတ်ပေးပြီး ပုံပါအတိုင်း ခွက်များထဲ ဖိထည့်ပေးပါ။

၃။        ရေနဲ့ သကြားကို အရင်ကျိုပြီး အအေးခံထားပါ။

၎။        ကြက်ဥနဲ့ နွားနို့ကို ခေါက်ထည့်ပြီး သမအောင်မွှေပေးပါ။

၅။        ပြီးရင် အဲဒီကြက်ဥရည်ကို ဆန်ခါ ၂ ခါလောက်ချပေးပါ။

၆။        ပြီးရင် ခုနကလုပ်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး ၁၇ဝ ဒီဂရီအာဗင်မှာ ၂၅ မိနစ်ခန့် ဖုတ်ပေးပါ။

၇။        အအေးခံပြီးရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments