Persimmon Butter Cake

by Evy’s Kitchen for Food Magazine

မအိတို့ဆီမှာ တယ်သီး ပေါပေါများများရတဲ့ အချိန်မို့လို့ တယ်သီးကိုသုံးပြီးတော့ ထောပတ်ကိတ် လုပ်စားဖြစ်ပါတယ်။ တယ်သီးရဲ့ အသားက ပန်းသီးနဲ့၊ မက်မွန်သီး နဲ့လည်းမတူဘဲ ကိတ်ထဲရောက်တဲ့အခါမှာ တော်တော်အဆင်ပြေပြေနဲ့ စားကောင်း တာကြောင့် လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပြီးတော့ ဒီ Recipe  မှာ မအိက ယိုးဒယားဂျုံကို ပြောင်းသုံးထားတာကြောင့် မုန့်သားကလည်း နူးညံ့လှပါတယ်။ မုန့်သား သိပ်ပေမယ့် မကျစ်ဘဲ မအိတို့ငယ်ငယ်က စားခဲ့ရတဲ့ Butter Cake မုန့်သားလိုမျိုး ထွက်တာကြောင့် အဲဒီကိတ်က တော်တော်ကို အဆင်ပြေပြီး စိတ်ကျေနပ်မှုရစေတဲ့ ကိတ်လို့ ပြောချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၁၂၀ ဂရမ်

သကြား –  ၁၁၀ ဂရမ်

ကြက်ဥ –  ၃ လုံး

ကိတ်ဂျုံ –  ၁၅၀ ဂရမ်

ဘေကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဗနီလာအနံ့ –  အနည်းငယ်

နွားနို့ –  စားပွဲဇွန်း ၃ ဇွန်း

လိမ္မော်ရောင် Food Coloring –  တစ်စက်ခန့်

(မထည့်လည်းရပါတယ်။ မအိက အသီးအရောင်နဲ့ လိုက်အောင် ထည့်တာပါ)

တယ်သီး အလတ် –  တစ်ဝက်ခန့် (ခပ်သေးသေးစိတ်ပါ)

ပြုလုပ်နည်း

၁။       မုန့်ဖုတ်မယ့်ခွက် (၈ လက်မ _ ၃.၃ လက်မ) ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။

၂။       ဂျုံနှင့် ပွဆေး ကို ဆန်ခါချထားပါ။

၃။       နွားနို့ကို လိမ္မော်ရောင်ဆိုးဆေး၊ ဗနီလာနံ့အနည်းငယ်နဲ့ ရောမွှေထားပါ။

၎။       ပြီးလျှင် သကြားနှင့် ထောပတ်ကို ပွလာအောင် စက်နဲ့မွှေပါ။

၅။       ကြက်ဥကို ၁ လုံးချင်းစီထည့်ပြီး သမအောင် ထည့်မွှေပါ။

၆။       ဂျုံနှင့် နို့ကို သကြား၊ ထောပတ်အရောထဲ ထည့်၍ မွှေပါ။ ဂျုံတစ်လှည့်၊ နွားနို့တစ်လှည့် ထည့်၍မွှေပါ။

၇။       ပြီးလျှင် မုန့်နှစ်တစ်ဝက်ကို မုန့်ဖုတ်မယ့်ခွက်ထဲ ထည့်ပြီး မျက်နှာပြင်ညှိပါ။

၈။       စိတ်ထားတဲ့ သစ်သီးတွေကိုလည်း အပေါ်ကနေ ပုံပါအတိုင်း ထည့်ပါ။

၉။       ၁၈၀ ဒီဂရီ အပူပေးထားတဲ့ ဥလနည မှာ ၄၀-၄၅ မိနစ်ခန့် ဖုတ်ပါ။

၁၀။     မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်အလယ်တည့်တည့် ထိုးကြည့်ပါ။ မုန့်နှစ် ကပ်မပါလာလျှင် ရပါပြီ။

Facebook Comments