Perfect Rock Tea

Perfect Rock Tea

            “Whisky” ကို Tea ဖြင့် အမွှေးအကြိုင်နဲ့လည်း တွဲဖက်သောက်သုံးဖို့အတွက် “Perfect Rock Tea” လေးကလည်း ကျန်းမာရေးနှင့် စိတ်ကိုလန်းဆန်းစေဖို့ ဖော်ပြလိုက်ပါတယ်။

►    ပါဝင်ပစ္စည်းများ

♦   Bourbon Whiskey   –   50 ml (Jim Beam or Jack Danile’s)

♦   Jasmine Tea   –   1 pkt (၁ ထုပ်)

♦   Honey (ပျားရည်)   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Cinnamon Stick (သစ်ကြံပိုးခေါက်)   –   1 pcs (၁ ချောင်း)

♦   Lime   –   2 Wedges

►   ပြုလုပ်နည်း

            ပြုလုပ်နည်းကတော့ Jasmine Tea 1 pkt (၁ ထုပ်)နှင့် Cinnamon Stick ၁ ချောင်းကို မိမိသုံးမည့် Glass ထဲသို့ ရေနွေးပူပူဖြင့် မိနစ်အနည်းငယ် စိမ်ထားပေးပါ။ ထို့နောက် Tea နှင့် သစ်ခေါက်ရနံ့များ ထွက်နေပြီဆိုလျှင် အထက်ပါအတိုင်း Whiskey 50 ml, Honey (ပျားရည်) ၁ ဇွန်း၊ သံပရာသီး ၂ စိတ်ကို ညှစ်ထည့်လိုက်ပါ။ Ice ရေခဲ အခဲတုံး 4 or 5 pcs ထည့်ပြီး Stair မွှေပါ။ Ice ဖြင့် မွှေပေးပါ။ Ice ရေခဲလေး များနှင့် Tea တို့ ပျော်ဝင်နေပြီး Cinnamon ရနံ့လေးများ Honey ရဲ့ အာနိသင်များက Whiskey Base Cocktail လေး “Perfect Rock Tea” ကို ရရှိပါပြီ။

            Glass ကို Coffee Latte ခွက် (သို့) Ice Coffee Glass ကို သုံးပေးပါ။

            Garnish ကတော့ Tea ထုပ်လေးနှင့် Cinnamon Stick လေးတစ်ချောင်းဆို ရပါပြီ။

♦   Kelvin   ♦

Facebook Comments