Peach Basil Iced Tea

by Ko Zaw Phone for Food Magazine

          ယခုလအတွက်တော့ Iced Tea မွှေးမွှေးလေးတစ်ခွက် ဖန်တီးပါမယ်။ မက်မွန်သီးနဲ့ ပင်စိမ်းရွက်ကလေးများကို အသုံးပြုပြီးတော့ နှပ်ထားတဲ့ လက်ဖက်ရည်အေးတို့နဲ့ ပေါင်းစပ်ပြီး ဖျော်မှာဖြစ်ပါတယ်။ သောက်လိုက်ရင် လန်းဆန်းအမောပြေစေပြီး အသီးပါစားလို့ ရစေမယ့် အဲဒီ Drink ကိုတော့ Peach Basil Iced Tea လို့ အမည်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

Iced Brewed Tea  –  3 oz

Peach Slices  –  1 whole fruit

Lime Juice  –  1 oz

Sugar Syrup  –  2 oz

Ice Cubes  –  6 oz

Basil Leaves of Garnish

ပြုလုပ်ပုံအဆင့်ဆင့်များ

၁။       လက်ဖက်ရည်အေးရဖို့ တစ်ယောက်သောက်စာ English Breakfast Tea အထုပ်လေးကို ရေနွေး ၃ အောင်စ ထည့်ပြီး ၃ မိနစ်ခန့် နှပ်ထားကာ အအေးခံလိုက်ပါ။

၂။       သောက်မည့်ခွက်ထဲသို့ ရေခဲတုံးလေးများထည့်ပြီး မက်မွန်သီး အပိုင်းလေးများ၊ နှပ်ထားသော လက်ဖက်ရည်အေး၊ သကြားရည်၊ သံပရာရည်နှင့်အတူ ပင်စိမ်းရွက်လေးများကို ခြွေထည့်ပြီး အပေါ်ဆုံးမှ ပင်စိမ်းရွက်နှင့် အလှဆင်လိုက်ပါ။

စာရေးသူ-ကိုဇော်ဘုန်း

Head of Element Coffee Academy (ECA)

facebook.com/element Myanmar

facebook.com/element Coffee Academy

၁၀၇ (က) ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်။

Ph : 01-524935 / 511118

Facebook Comments