
23 - January - 2015
အာဟာရပြည့်ဝတဲ့ မနက်စာတစ်မျိုးက ဥလနမညငါ့အ ဥအေ လို့ခေါ်တဲ့ ညကတည်းက ပြင်ဆင်ထားရတဲ့ အစားအသောက်တစ်မျိုးပဲဖြစ်ပါတယ်။ အဓိကကတော့ ဥအောနေူ၊ ဒိန်ချဉ်နဲ့ နွားနို့ ဆတူပါဝင်ပြီး အနည်းဆုံး ၆ နာရီကြာအောင် ရေခဲသေတ္တာထဲမှာ ညသိပ်ထားရပါတယ်။ နှစ်သက်ရာခွက် (သို့) ပုလင်းကို အသုံးပြုနိုင်ပြီးလေလုံအောင်အဖုံးပိတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ အရသာခပ်ဆိမ့်ဆိမ့်လေးနဲ့ အသီးလေးတွေထည့်စားရင် ပိုပြီးစားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
• Oatmeal – ၁/၃ Cup (မုန့်ဖုတ်သုံးခွက်ကိုဆိုလိုပါတယ်)
• နွားနို့ – ၁/၃ Cup
• ဒိန်ချဉ် – ၁/၃ Cup
ပြုလုပ်နည်း
၁။ အားလုံးကိုရောမွှေပြီး ခွက်တွေထဲထည့်ကာ လေလုံအောင်အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ ညသိပ်ထား လိုက်ပါ။
၂။ မနက်ကျမှ မိမိနှစ်သက်ရာ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး စတဲ့အသီးများထည့်ကာ ပျားရည် (သို့) Maple Syrup အနည်းငယ်ဆမ်းကာ သုံးဆောင်နိုင်ပါတယ်။