Oreo Loaf

Oreo Loaf

          အလွှာတွေခပ်များများပါပြီး အရသာရှိတဲ့ ပေါင်မုန့်လုပ်ကြည့်ကြရအောင်။ အလွှာတွေအတွက် Oreo ကိုပဲသုံးထားတာကြောင့် လုပ်ရတာလည်း အရမ်းလွယ်သလို အမြင်လည်းလှပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   ပေါင်မုန့်ဂျုံ    –   ၃ဝဝ ဂရမ်

♦   သကြား   –   ၃ဝ ဂရမ်

♦   ဆား    –   လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

♦   ရေ   –   ၂ဝဝ ဂရမ်

♦   တဆေး (yeast)   –   ၆ ဂရမ်

♦   ထောပတ်    –   ၂ဝ ဂရမ်

►   Oreo အလွှာအတွက်

          Oreo ကွတ်ကီး ၅ဝ ဂရမ်ကို အထဲက ခရင်မ်မဖယ်ဘဲ အမှုန့်များရအောင် ကြိတ်ထားပါ။

►   ပေါင်မုန့်ပြုလုပ်နည်း

၁။      ထောပတ်ကလွဲလို့ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။

၂။      ၁ဝ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ။

၃။      Window pane test ရတဲ့အထိ နယ်ရပါမယ် ။ အချိန်မိနစ် ၂ဝ လောက်ကြာပါတယ်။

၎။      ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ၂ ဆပွအောင်ထားပါ။

၅။      ၂ ဆပွလာပြီးရင် လေများကို ဖိထုတ်ကာ ပုံပါအတိုင်းခပ်ရှည်ရှည်အနေရအောင် တလိမ့်တုံးနဲ့ လှိမ့်ပေးပါ။

၆။      Oreo မှုန့်ကို တစ်ဝက်လောက်ဖြူးပြီး မုန့်သားတစ်ဝက်နဲ့ ပြန်ဖုံးပေးပါ။

၇။      ထို့နောက် ၃ ခေါက်ချိုးလို့ရသည့်အရှည်ရအောင် တလိမ့်တုံးနဲ့ ပြန်ဖိလှိမ့်ပေးပါ။

၈။      ၃ ခေါက်ချိုးချပြီး ခပ်ရှည်ရှည်အနေရအောင် ပြန်လှိမ့်ပါ။ ၃ ခေါက်ထပ်ချိုးပါ။ (အလွှာများများလိုချင်ရင် ဒီအဆင့် ကို များများလုပ်ရပါတယ်။)

၉။      ပြီးမှ မုန့်သားကို ပုံပါအတိုင်း ၃ ပိုင်းပိုင်းကာ ကျစ်ဆံမြီးပုံကျစ်ပါ။

၁ဝ။    မုန့်ဖုတ်ဗန်းထဲသို့ထည့်ကာ  ၂ ဆခန့် ပွလာအောင် ၁ နာရီခွဲခန့်စောင့်ပြီး ၁၈ဝ ဒီဂရီ အာဗင်မှာ ၄၅ မိနစ် လောက်ဖုတ်ပေးရင် ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments