Oreo Cookie Green Tea Cupcake (အိုလီယိုကွတ်ကီးဂရင်းတီးကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          ဂျပန် Green Tea သောက်ရင်း အမေရိကန်ရဲ့ Oreo Cookie တစ်ကိုက်၊ ကပ်ကိတ်လေးတစ်ကိုက် အိုင်ဒီယာမျိုးနဲ့ East Meets West ဗားရှင်းလေးကို ဒီကပ်ကိတ်လေးမှာ သရုပ်ဆောင်ပေးထားတယ်။

လိုအပ်သောပစ္စည်းများ

ထောပတ်  –  စားပွဲဇွန်း ၁၀ ဇွန်း

သကြားဖြူ  –  ၁  ၁/၄ ခွက်

သောက်ရေသန့်  –  စားပွဲဇွန်း ၁ ဇွန်း

ဗနီလာအနံ့ရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဂရင်းတီး  –  စားပွဲဇွန်း ၃ ဇွန်း (Matcha Green Tea Powder)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂရင်းတီးပေါင်ဒါမှုန့်  –  အပိုအလို (ကွတ်ကီးကပ်ကိတ်ပေါ်  အလှဆင် ဖြူးပေးရန်)

Oreo Cookie  –  ၁၂ ခု (Vanilla Flavor)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ထောပတ်၊ သကြားဖြူ၊ သောက်ရေသန့်နှင့် ဗနီလာတို့ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် သမအောင် မွှေပေးပါ။

၂။       ကြက်ဥကို တစ်လုံးချင်းခေါက်ထည့်ပြီး သမအောင် မွှေပေးပါ။

၃။       နောက်အိုးတစ်အိုးထဲ ဂျုံမှုန့်ရိုးရိုး၊ ဂရင်းတီးပေါင်ဒါမှုန့်၊ ဆားနှင့် ဘေကင် ပေါင်ဒါပွဆေးတို့ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၎။       ဂျုံမှုန့်အရောအနှောကို ထောပတ်အရောအနှောထဲ လောင်းထည့်ပြီး သမအောင် မွှေပေးပါ။

၅။       မုန့်နှစ်ရည်အရောအနှောကို စက္ကူခွက်ခင်းထားတဲ့ Cup Cake Pan ထဲ အညီအမျှ ထည့်ပေးပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)

၆။       Oreo ကွတ်ကီးတစ်ခုစီကို ကပ်ကိတ်ခွက်တစ်ခုစီက မုန့်နှစ်ရည်ထဲ တစ်ဝက် နှစ်ထည့် (ဘေးစောင်းအနေအထား) ပေးပါ။

၇။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၁ မိနစ်ခန့် ဖုတ်ပေးပါ။

၈။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ ဂရင်းတီးပေါင်ဒါမှုန့်ကို မုန့်မျက်နှာပြင် ဆန်ခါချဖြူးပေးပြီး အဆင်သင့် စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments