
4 - June - 2018
Orange Cover
by Pyone for Food Magazine
နောက်ဆုံးဖော်ပြပေးမယ့် မော့တေးလ်လေးကတော့ အသီးအနှံအရသာ တော်တော့်ကို စုံလင်တဲ့ မော့တေးလ်လေးပါပဲ။ ရာသီစာသီးနှံများနှင့် အလွယ်တကူ ဖျော် သောက်လို့ရအောင် လုပ်ထားတာမို့ အသီးအနှံကြိုက်နှစ် သက်တဲ့သူတွေ အကြိုက်တွေ့မိကြပါလိမ့်မယ်။ အဲဒီ မော့တေးလ်လေးထဲမှာ စုစုပေါင်း အသီးအနှံ ၄ မျိုး ပါပါလိမ့်မယ်နော်။ ပထမဆုံး အဲဒီမော့တေးလ်လေးဖျော်မယ်ဆိုရင် Blender တစ်လုံးတော့ လိုပါလိမ့်မယ်။ ပြီးလျှင် လိုအပ်မယ့်ပါဝင်ပစ္စည်းလေးတွေက ရှာရတာမခက်ပါဘူး နော်။
ပါဝင်ပစ္စည်းများ
Strawberry (စတော်ဘယ်ရီသီး) – 5 pcs
Mango (သရက်သီး) – Half (တစ်ခြမ်းခန့်)
Pineapple (နာနတ်သီး) – 2 Slices
Orange (လိမ္မော်ရည် ) – 120 ml
ပြုလုပ်နည်း
အားလုံးစုံပြီဆိုရင်တော့ ပထမဦးစွာ Blender မွှေစက်တစ်လုံးကို ယူလိုက်ပါ။ ရေစင်အောင်ဆေးထား သော စတော်ဘယ်ရီသီးလေးများကို ၂ လုံးလောက်ချန်ပြီး ကျန်တာတွေကို အစိတ်ကလေးတွေစိတ်ကာ Blender ထဲ ထည့်ထားလိုက်ပါ။ ခပ်မှည့်မှည့် စိန်တလုံးသရက်သီးတစ်လုံးကိုယူပြီး တစ်ခြမ်းခန့် အသားလေးတွေ လှီးယူကာ ထပ်မံပေါင်းထည့်ပါ။ ပြီးလျှင် နာနတ်သီးမှည့် ၂ စိတ်ခန့်ကို အနေတော် အစိတ်လေးတွေစိတ်ပြီး လိမ္မော်ရည်အနည်းငယ်ထည့်ကာ ကြေမွသွားအောင် စက္ကန့်အနည်းငယ်ခန့် ကြိတ်ခြေလိုက်ပါ။ အကယ်၍ အချိုကြိုက်ပါက သကြားရည် ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ ပြီးလျှင် ဖန်ခွက်ခပ်ကြီး ကြီးတစ်လုံးကိုယူပြီး ရေခဲပြည့်အောင်ထည့်၊ လိမ္မော်ရည်ချည်းပဲ သတ်သတ်ကို ဖန်ခွက်တစ်ဝက်ခန့်ဖြည့်ပြီးတာနဲ့ နောက်ဆုံးအနေနဲ့ စောစောက Blender ထဲထည့်ပြီး ဖျော်ထားတဲ့ Juice အရောကို အပေါ်က လောင်းချလိုက်ပါ။ မပြီးသေးပါဘူးနော်။ အလှဆင်ဖို့ ကျန်ပါသေးတယ်။ စောစောက ၂ လုံးလောက်ချန်ထားတဲ့ စတော်ဘယ်ရီသီး လေးများကို ဒေါင်လိုက်ကလေးလှီးစိတ်ပြီး ဖန်ခွက်အပေါ် နားလေး တစ်ဝိုက်ကို အသာအယာ တင်လိုက်ပြီးတာနဲ့ ပိုက်တပ်ကာ အသင့်သောက်သုံးလို့ရတဲ့ Smoothies ဆန်ဆန် မော့တေးလ်လေးတစ်ခွက်ကို ရနိုင်ပါပြီနော်။ ကဲ… မော့တေးလ်များ ဖျော်သောက်ပြီး ပျော်ရွှင်နိုင်ကြပါစေ။