
17 - December - 2015
Orange Blosso
ပထမဆုံးတစ်ခုကတော့ Gin အရက်နဲ့လုပ်ထားသော ကော့တေးလ်လေးပဲဖြစ်ပါတယ်။ ဒီကော့တေးလ်လေးရဲ့ ထူးခြားချက်တစ်ခုကတော့ ဒီရာသီမှာ ပေါပေါများများတွေ့ရတတ်တဲ့ Sunkist ရှောက်ချိုသီးရဲ့ အခွံနဲ့ ဘယ်လိုဖျော်ထားလည်းဆိုတာ တွေ့ရမှာပါ။ Sunkist သီးမဟုတ်ပါကလည်း လိမ္မော်ခွံဆိုလည်းရပါတယ်။ အိမ်မှာ ရှောက်ချိုသီးစားလို့များတော့ အခွံလွင့်ပစ်စရာမလိုဘဲ ကော့တေးလ်ထဲမှာ ထည့်ဖျော်ကြည့်ကြပါမယ်။ Sunkist လို့ခေါ်တဲ့ ဒီရှောက်ချိုသီးရဲ့ အခွံမှာပါတဲ့ အဆီအနံ့လေးဟာ အံ့သြစရာကောင်းအောင် ကော့တေးလ်ကို မွှေးပျံ့စေပါတယ်။ အမှန်တကယ်တော့ လိမ္မော်သီးအခွံကထွက်တဲ့ အနံ့ကလေးလိုချင်လို့ Liqueur မသုံးဘဲ သဘာဝအခွံကိုထည့်ထားတာပါ။
► ပါဝင်ပစ္စည်းများ
♦ Gin – 50 ml
♦ Cherry – 2 pcs
♦ Lime Juice – 15 ml
♦ Sugar – 1 pkt
♦ Soda – top up
► ပြုလုပ်ပုံကတော့
ရှေးဦးစွာ Sunkist သီးတစ်လုံးရဲ့အခွံကို ပုံပါအတိုင်း ဝိုက်၍လှီးယူလိုက်ပါ။ အကယ်၍ ပုံပါအတိုင်းမဟုတ်ပါကလည်း အခွံရဲ့ အဆီကိုသာ လိုချင်တာဖြစ်လို့ ကိုယ်အဆင်ပြေသလို ခွာ၍ရပါတယ်။ ပြီးလျှင် ပုံပါခွက်အတွင်းထဲသို့ ချယ်ရီသီး နှစ်လုံးနှင့် သကြားတစ်ထုပ်(လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲခန့်)ကိုထည့်ကာ Muddle နှင့် ကြိတ်ခြေလိုက်ပါ။ ထို့နောက် Sunkist သီးအခွံတစ်လျှောက်ကို လက်နှင့် အနည်းငယ်ညှစ်ကာ အနံ့ထွက်လာအောင် လုပ်လိုက်ပြီးလျှင် ဖန်ခွက်ထဲသို့ ထည့်ချလိုက်ပါ။ ထို့နောက် ရေခဲသုံးတုံး လေးတုံးခန့်ထည့်ကာ Gin အရက်၊ သံပရာရည်တို့ကို ပါဝင်အချိုးအတိုင်းထည့်ကာ ဇွန်းနှင့် အရည်ပျော်အောင် မွှေပေးနိုင်ပါသည်။ နောက်ဆုံးအနေနှင့် အပေါ်က ဆော်ဒါကို ရေခဲမြှုပ်ရုံလောင်းကာ ချယ်ရီနှင့် လိမ္မော်နံ့သင်းသော ကော့တေးလ်တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။ Sunkist သီးရဲ့ ခါးတားတား မွှေးပျံ့ပျံ့ အနံ့အရသာလေးဟာ ကော့တေးလ်ထဲမှာ ပျော်ဝင်သွားပြီး သောက်ရတာလန်းဆန်းပြီး စိတ်ကျေနပ်မှုကို ပေးနိုင်မှာပါ။
♦ Pyone ♦