
23 - August - 2018
Orange Basil
by Bartender Pyone for Food Magazine
မော့တေးလ်ကြိုက်နှစ်သက်သူတွေအတွက် အချိန်ကျလို့လာပါပြီ။ ဒီတစ်လမှာတော့ ဘယ်လိုမော့တေးလ်လေးတွေ ပြင်ဆင်ထားလဲဆိုတာ ကြည့်ကြရအောင်ပါ။ ပထမဆုံး မော့တေးလ်လေးအနေနဲ့ကတော့ ထူးထူးခြားခြား ပင်ပွားအစေ့ကလေးတွေနဲ့ Fruity ဖြစ်စေမယ့် Orange Juice တို့ အချိုးကျ ပေါင်းစပ်ထားလို့ ကလေးတွေရော ဝိတ်ချနေတဲ့ မိန်းကလေးတွေပါ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့ –
Orange Juice – 120 ml
Peach Juice – 120 ml
Orange or Grapefruit – 1 pcs
Flax Seed (ပင်ပွား) – 2 spoons
Ginger – 1 slice
ပြုလုပ်နည်း
ကဲ… လိုအပ်တာလေးတွေ ရပြီဆိုလျှင်တော့ ဦးစွာ ၁၀ မိနစ်ခန့် စောပြီး ရေ အနည်းငယ်ထဲကို ပင်ပွား ၂ ဇွန်း ခန့်ထည့်ကာ ရေစိမ်ထားလိုက်ပါ။ ပြီးလျှင် အစေ့လေးများဖယ်ပြီး စိတ်ထားသော လိမ္မော်သီးစိတ်ကလေးများနှင့် Orange Juice, Peach Juice တို့ကို အချိုးကျထည့်ကာ နောက်ဆုံးအနေနဲ့ ချင်းပြားလေးတစ်ပြားကို အနံ့လေးရရုံ အစိတ်သေးသေးလေးတွေ ထည့်လိုက်ပါ။ ပြီးလျှင် စောစောက ရေစိမ်ထားတဲ့ ပင်ပွား လေးများကိုထည့်ပြီး စက္ကန့်အနည်းငယ် ကြိတ်ခြေကာ အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ အချိုကြိုက်နှစ်သက်တဲ့သူများကတော့ သကြားရည်လေး အနည်းငယ်ထည့်ကာ သုံးဆောင်နိုင်ပါတယ်။ သဘာဝ ချဉ်ပြုံးပြုံးအရသာလေးကို ချင်းနံ့လေးရရုံ မွှေးတေးတေးလေးက တွဲဖက်ပေးထားလို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ မော့တေးလ်လေးကို လက်စွမ်းပြ ဖျော်စပ်နိုင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။