Orange and chia

by Bartender Pyone for Food Magazine

          Chia Seed ကို တချို့တွေတော့ သိကြပါတယ်။ ပင်ပွားစေ့နဲ့ နည်းနည်း ဆင်သယောင်ရှိတဲ့ Chia Seed ကို ကျန်းမာရေးဓာတ်စာအဖြစ် သုံးဆောင်ကြပါတယ်။ သူ့မှာ Fibre ဓာတ်များစွာပါဝင်ပြီး Protein နဲ့ Omega Acid ဓာတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေတဲ့ အစေ့ကလေးတွေပါပဲ။ ဒါကတော့ ကြုံကြိုက်လို့ ပြောပြတာပါ။ ကဲ… အဲဒီ Chia Seed ကလေးတွေနဲ့ မော့တေးလ်လေး ဖျော်သောက်ကြည့်ကြပါမယ်။

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့-

Orange Juice  –  120 ml

Chia Seed  –  1 teaspoon

Basil Leaves  –  2-3 leaves

Strawberry Juice  –  120 ml

Sugar  –  20 ml

ပြုလုပ်နည်း

          ကဲ… လိုအပ်တာလေးတွေ ရပြီဆိုလျှင် စပြီး ဖျော်ကြည့်ရအောင်ပါ။ ဦးစွာ မော့တေးလ်ဖျော်စပ်မယ့် Blender ထဲသို့ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ လိမ္မော်ရည်၊ အကယ်၍ အသီးအစစ်ကို ညှစ်ထားတဲ့ လိမ္မော်ရည်မရှိရင်လည်း City Mart တို့မှာ  အလွယ်တကူ ဝယ်လို့ရတဲ့ ၁၀ဝ % လိမ္မော်ရည်ကို အသုံးပြုလည်း ရပါတယ်။ လိမ္မော်ရည်ကို 120 ml ခန့်၊ စတော်ဘယ်ရီရည်ကိုလည်း 120 ml ခန့် ထည့်လိုက်ပါ။ ပြီးလျှင် ရေစင်စင်ဆေးထားတဲ့ ပင်စိမ်းရွက်ကလေး နှစ်ရွက်၊ သုံးရွက်ခန့်ကို ကတ်ကြေးလေးနှင့် သေးသေးလေးတွေ လှီးဖြတ်ပြီး အတူတူရောထည့်လိုက်ပါ။ ထို့နောက် အချိုအရသာအတွက် သကြားရည်အနည်းငယ်နဲ့ Chia Seed လက်ဖက်ရည်တစ်ဇွန်းစာကို ထည့်ပြီး ရေခဲတစ်တုံး၊ နှစ်တုံးလောက်ထည့်ပြီး ခလုတ်ဖွင့်ကာ စက္ကန့်နည်းနည်းလောက် မွှေပေးလိုက်ပါ။ အကယ်၍ အချဉ်စူးစူးလေးကြိုက်တယ်ဆိုလျှင် သံပရာရည်အနည်းငယ် ညှစ်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ ကဲ… အချို၊ အချဉ် မိမိနှစ်သက်ရာ အနေတော်လေးဖြစ်ပြီဆိုလျှင် ရေခဲထည့်ထားတဲ့ ဖန်ခွက်ကလေးထဲ ထည့်ပြီး အသင့်သုံးဆောင်လို့ ရပါပြီနော်။

Facebook Comments

Menu