Ocean Breeze

Ocean Breeze

          ဒီလအတွက် အအေးလေးတစ်ခွက် ဖန်တီးသွားပါ မယ်။ Ocean Breeze လို့ အမည်ပေးထားပါတယ်။ ဒီ အအေးလေးကို ကမ်းခြေမှာ အပန်းဖြေအနားယူရင်း သောက်ရင် လိုက်ဖက်မယ့် သောက်စရာလေး တစ်ခွက် ဖန်တီးဖို့ စိတ်ကူးနဲ့ပြုလုပ်ထားပါတယ်။ အပေါ်ယံအလွှာ အရောင်က စိမ်းပြာလေးဖြစ်ပြီး ပင်လယ်ပြင်ကို ကိုယ်စား ပြုထားတာပါ။ အောက်အလွှာကတော့ အဝါရောင်ဖြစ်ပြီး သဲသောင်ပြင်ကို ကိုယ်စားပြုပါတယ်။

          ဒီ Drink လေးကို သောက်လိုက်ရင် လန်းဆန်းသွား စေဖို့ Carbonated Soda ကို သုံးထားပါတယ်။ ထူးခြား တာတစ်ခုကတော့ ပုံမှန်အားဖြင့် နွားနို့ကို ဒီလို Soda ပါတဲ့ သောက်စရာမျိုးမှာ တွဲသုံးလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီလို တွဲသုံးတဲ့ဆန်းသစ်တဲ့အရသာနဲ့ ဒီသောက်စရာအအေး လေးတစ်ခွက်ကို ပင်လယ်ပြင်ကြီးအနီးမှာ သောက်မယ့် စိတ်ကူးနဲ့ မြင်ယောင်ပြီး သောက်ကြည့်ကြရအောင်လား။

►   ပါဝင်ပစ္စည်းများ

♦   Green Apple Syrup   –   ၂၅ မီလီ

♦   Blue Curacao Syrup   –    ၃ဝ မီလီ

♦   Orange Juice   –   ၃ဝ မီလီ

♦   Milk   –   ၁၅ဝ မီလီ

♦   Soda Water   –   ၄ဝ မီလီ

♦   Sea Salt   –   1 Pinch

►   ပြုလုပ်ပုံအဆင့်ဆင့်

၁။      Greem Apple Syrup နှင့် Orange Juice တို့ကို Soda Water နဲ့ ရောမွှေပြီး ဖန်ခွက် ထဲထည့်ပါ။

၂။      Shaker ခွက်ထဲသို့ နွားနို့နှင့် Blue Curacao Syrup တို့ကို Sea Salt ဆား အနည်းငယ်ထည့်ပြီး Shaker ကို လှုပ်ခါမွှေလိုက်ပါ။

၃။      ဖန်ခွက်ထဲသို့ ရေခဲတုံးများထည့်ပြီး  Shaker ထဲမှ မွှေပြီးသားနွားနို့စိမ်းပြာရောင်ကို အပေါ်မှ ဖြည်းဖြည်းချင်း လျှောထည့်ပြီး နောက်ဆုံးတွင် အမြှုပ်လေးများ ခပ်တင်လိုက်ပါ။

♦   Ko Zaw Phone   ♦

Head of Element Coffee Academy (ECA) Training Center

facebook.com/element Myanmar

facebook.com/Element Coffee Academy

၁ဝ၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935

Facebook Comments