Nacho

Nacho

          မက္ကဆီကန်အစားအစာတွေထဲက လုပ်ရတာလွယ်ပြီး ပေါ်ပြူလာဖြစ်တဲ့ နာချို လုပ်နည်းလေးပါရှင်။ တော်တီရာ အကြွပ်ကြော်က မြန်မာမှာမရနိုင်တဲ့အတွက် ဖက်ထုပ်ခွံကို တြိဂံပုံလေးတွေ ဖြတ်ပြီး ဆီပူမှာ ကြော်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အသားထူတဲ့ ငရုတ်သီးကို ကိုယ့်အိမ်မှာ ၂-၃ ရက် ကြိုတင်ပြီး ရှလကာရည်စိမ်ထားနိုင်ပါတယ်။ အသားထူတဲ့ ငရုတ်သီးကို  အကွင်းလိုက်လှီး၊ ပုလင်းသန့်တစ်လုံးထဲထည့်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ရှလကာရည်မြုပ်အောင် ထည့်စိမ်ပြီး ၂  ရက်လောက်ဆို အချဉ်ဝင်ပါပြီ။

   ပါဝင်ပစ္စည်းများ

♦   ပဲလွန်း   –   ၁၆၀ ဂရမ်

♦   တော်တီရာအကြွပ်ကြော်   –   အချပ် ၅၀ ခန့်

    (၂ x ၂ x ၁ လက်မအရွယ်  တြိဂံပုံ)

♦   Monterey Jack Cheese –   ခွက် တစ်ဝက်

♦   Cheddar Cheese   –   ခွက် တစ်ဝက်

♦   အချဉ်တည်ထားသောငရုတ်သီး    –   တစ်ချပ်လျှင် တစ်ကွင်း

♦   ခရမ်းချဉ်သီး   –   ၂-၃ လုံး

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

♦   ကြက်သွန်နီ   –   ၁ ခြမ်း

♦   ဆီ   –   စားပွဲဇွန်း ၂ ဇွန်း

♦   သကြား   –   သင့်ရုံ

♦   ဆား   –   သင့်ရုံ

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ပဲလွန်းကို ရေအပြန်အလှန်ဆေး၊ တစ်ညရေစိမ်ထားပြီး နောက်တစ်နေ့မှာ နူးအောင်ပြုတ်ထားပါ၊

၂။      ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။ ကြက်သွန်နီကို လေးထောင့် အတုံးသေးသေးလေးများ လှီးထားပါ၊

၃။      အိုးထဲ ဆီထည့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ကြော်ပါ။ နွမ်းစပြုချိန်မှာ ပဲထည့်ပြီးမွှေပါ။ ပဲကို ကြေအောင် ခြေပါ။ ဆား၊ သကြားထည့်ပြီး အရသာကောင်းအောင်ပြုပြင်ပါ။ ပဲကြေလျှင် မီးဖိုပေါ်မှချပြီး အအေးခံထားပါ။

၎။      ခရမ်းချဉ်သီး ၁ လုံးကို ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပါ။ လေးထောင့်အတုံးသေးများ တုံးပါ။

၅။      ငရုတ်ချဉ်ကို ရေစစ်ထားပါ။

၆။      ဥလနည ကို ၂၀ဝံC (၄၀ဝံF) တွင် ကြိုတင်အပူပေးထားပါ။

၇။      တော်တီရာ အချပ်တစ်ခုမှာ ပဲထည့်ပါ။ မျက်နှာပြင်ညီအောင် ဇွန်းဖြင့်ဖြန့်ပါ။ မီးအပူခံသောြွေကပန်းကန်ပြားထဲ ထည့်ပါ။ ပန်းကန်ဆံ့သလောက် တော်တီရာအချပ်များကို ပဲနှစ်သုတ်ပြီး နေရာလွတ်မကျန်အောင် စီထည့်သွားပါ။

၈။      ပန်းကန်ပြည့်လျှင် အပေါ်မှ ချိစ်ဖြူးပါ။ ခရမ်းချဉ်သီး အတုံးလေးများဖြူးပါ၊ ငရုတ်သီးချဉ် ဖြူးပါ။  ကြိုတင် အပူပေးထားသော အာဗင်ထဲ ချိစ်ပျော်သည်အထိ (၅-၈ မိနစ်) ဖုတ်ပါ၊။ အာဗင်မှ ထုတ်ပြီး ကြွပ်နေဆဲမှာ သုံးဆောင်ပါ။ အာဗင်မရှိလျှင် ဟေလိုဂျင် ဖန်အာဗင်ကို သုံးနိုင်ပါတယ်။ မိုက်ခရိုဝေ့ဖ် မသုံးရပါ။ အကြွပ်ကြော်က ပျော့သွားတတ်ပါတယ်။

♦   Meemeetofu   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments