
18 - April - 2018
by EVY’s Kitchen for Food Magazine
အသားညှပ်ပလာတာပါ။ စင်ကာပူ၊ မလေးရှားမှာ အလွယ်တကူဝယ်လို့ရပေမယ့် ဒီဘက်ရောက်တော့ မလွယ်ကူပြန်တာကြောင့် ရှိတဲ့ပလာတာကို ပြန်လည်ပြုပြင်ရပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက် အဆာပလာတွေထည့်ထားတာကြောင့် ဆိုင်မှာစားတာထက် ပိုပြီးစားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
ရယ်ဒီမိတ် ပလာတာ – ၄ ချပ်
အမဲသား (ကြိတ်ပြီးသား) – ၂၀ဝ ဂရမ်
ပန်းငရုတ်ပွ – ၁ လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃ မြွှာ (နုပ်နုပ်စဉ်းပါ)
ကြက်သွန်နီ – ၁ ဥ (ဥသေး) (ပါးပါးလှီးပါ)
ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ဆော့စ်အတွက်
Barbecue Sauce (ဘာဘီကျူဆော့စ်) – ထမင်းစားဇွန်း ၂ ဇွန်း
Parmesan Cheese – ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ/နီကို အနည်းငယ်နွမ်းသွားအောင် ဆီသတ်ပါ။
၂။ အမဲသားကိုထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။
၃။ ပန်းငရုတ်ပွများထည့်ပြီး ခရုဆီ စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း ထည့်မွှေကာ ပန်းငရုတ်ပွ နွမ်းသည်အထိ ကြော်ပါ။
၎။ လုံးဝအေးသွားအောင် အအေးခံပြီး Barbecue Sauce, Cheese များ ထည့်မွှေပါ။
၅။ ပြီးလျှင် ပလာတာ ၁ ချပ်ပေါ်တင်ပြီး နောက် ၁ ချပ် ထပ်အုပ်ကာ ဘေးသားများ ကပ်သွားအောင် ခက်ရင်းဖြင့် ဖိချပေးပါ။
၆။ မီးအသင့်အတင့်နဲ့ ကြွအောင် ကြော်ပေးပြီးရင်တော့ အရသာရှိလှတဲ့ Mutabak ရပါပြီ။
http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen