Mojito Mint Hot Latte

by Ko Zaw Phone (Coffee Circle) for Food Magazine

          အခုလို ဒီဇင်ဘာ ဆောင်းရာသီအတွက်တော့ ကော်ဖီပူပူလေးတစ်ခွက်ကို အနံ့မွှေးမွှေးလေးနဲ့ တွဲဖက်သောက်ရအောင် ဒီလမှာ ပြုလုပ်ပါမယ်။ အမည်ကိုတော့ Mojito Mint Hot Latte လို့ ပေးထားပါတယ်။ Mojito Mint ခေါ်  ပူရှိမ်းရှိမ်း အနံ့မွှေးမွှေးလေးအတွက်တော့ Mojito Mint Syrup ကို သုံးပြီး လတ်တေးကော်ဖီကောင်းကောင်း လေးရအောင် လတ်ဆတ်စွာ လှော်ထားတဲ့ အရည်အသွေးကောင်း ကော်ဖီစေ့ကို အသုံးပြုရပါမယ်။ အားလုံးပဲ ၂၀၁၇ ခုနှစ်အကုန် ဒီလမှာ ဒီကော်ဖီပူပူလေးကို ခံစားသောက်သုံးရင်း နှစ်သစ်ကို ကြိုဆိုကြပါ စို့လား။ “Have a Great Coffee Day!” ပါ ခင်ဗျား။

ပါဝင်ပစ္စည်းများ

Mojito Mint Syrup  –  20 ml

Milk  –  120 ml

Espresso  –  30 ml

Mint Leaves for Garnishing

ပြုလုပ်ပုံအဆင့်ဆင့်များ

၁။       ဖန်ခွက်ထဲသို့ Mojito Mint Syrup ကို ဦးစွာထည့်ပါ။

၂။       နွားနို့အေးကို အဖျော်ဆရာသုံး စတီးခွက်ထဲထည့်ပြီး ကော်ဖီစက်နှင့် နွားနို့အမြှုပ် ညက်ညက်လေးရအောင် ရိုက်ပါ။

၃။       ဖန်ခွက်ထဲသို့ နွားနို့နှင့် အမြှုပ်ကို လောင်းထည့်ပြီး အပေါ်ဆုံးမှ အက်စပရပ်စို ကော်ဖီကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။

၎။       အပေါ်ဆုံးမှာ ပူဒီနာအရွက်စိမ်းလေးများတင်ပြီး အလှဆင်နိုင်ပါတယ်။

Facebook Comments