Modified Shortbread

by EVY’s Kitchen for Food Magazine

          မွမွလေးနဲ့ စားကောင်းတဲ့ Shortbread ကို ပုံစံလေးနည်းနည်းပြောင်းပြီး အလှဆင်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ဂျုံ  –  ၁၅၀ ဂရမ်

ဆန်မှုန့်  –  ၆၅ ဂရမ်

Baking Powder  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ဆား  –  ပါရုံမျှ

ထောပတ်  –  ၁၅၀ ဂရမ်

သကြား  –  ၈၀ ဂရမ်

ပြုလုပ်နည်း

၁။       ပထမဆုံး ဂျုံမှုန့်၊ ဆန်မှုန့်နဲ့ Baking Powder ကို ဆန်ခါချထားပါ။

၂။       သကြားနဲ့ ထောပတ်ကို ပွလာအောင် ခေါက်ပါ။

၃။       ဂျုံအရောကို သမအောင်ရောပြီး ဆားထည့်မွှေပါ။

၎။       ဂျုံနဲ့ သကြားထောပတ် ရောသွားလျှင် ဂျုံလုံးဖြစ်စေရန် အသာအယာရောနယ်ပြီးမှ  ၁ စင်တီမီတာ လျော့လျော့ အပြားဖြစ်သွားအောင် တလိမ့်တုံးနဲ့ လှိမ့်ပေးပါ။

၅။       ပြီးလျှင် ဘဲဥပုံ ကွတ်ကီးမိုနဲ့ ဖြတ်ပေးပါ။ (တခြား အဆင်ပြေရာ သုံးနိုင်ပါတယ်)

၆။       ၁၆၀ ဒီဂရီ အာဗင်မှာ မိနစ် ၅၀ ခန့်ဖုတ်ပေးပါ။

၇။       လုံးဝအေးသွားမှ အရည်ဖျော်ထားတဲ့ ချောကလက်ရည်ထဲ ကွတ်ကီးတစ်ဝက်ကို နှစ်ပေးပါ။ (ဒါက အလှဆင်တဲ့ ရည်ရွယ်ချက်သက်သက်ပါ)

၈။       အအေးခံပြီးရင်တော့ အရသာကောင်းတဲ့ Shortbread များ အသင့်ဖြစ်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments