Modified Egg Tart

by EVY’s Kitchen for Food Magazine

          အရင်လုပ်ခဲ့ဖူးတဲ့ Egg Tart ကို ချိစ်နည်းနည်းထည့်ပြီး ပြန်လည် ပြုပြင်ထားတာပါ။

အောက်ခံမုန့်သားအတွက်

ဂျုံ  –  ၂၀ဝ ဂရမ်

Icing Sugar (သကြားအမှုန့်)  –  ၆၀ ဂရမ်

ထောပတ်  –  ၁၀ဝ ဂရမ်

ကြက်ဥ အနှစ်  –  ၁ ခု

ပြုလုပ်နည်း

၁။       ဂျုံနဲ့ သကြားမှုန့်ကို ရောမွှေထားပြီး ထောပတ်နဲ့ နယ်ပေးပါ။

၂။       အဖတ်ကလေးတွေ ဖြစ်လာပြီဆိုလျှင် ကြက်ဥအနှစ် ၁ ခုကို ရောမွှေပြီး ဂျုံအလုံးဖြစ်အောင် လုံးထားပါ။

၃။       ပြီးလျှင် ဆီစိမ်စက္ကူ ၂ ခုကြားမှာ တလိမ့်တုံးနဲ့ လှိမ့်ပေးပါ။ အထူကို ပြပေးထားပါတယ်။ မုန့်ဖုတ်မယ့်ခွက်ကလေးထက် နည်းနည်းကြီးအောင် ဖြတ်ပေးပြီး ခွက်ကလေးတွေထဲကို အသာအယာ ဖိသိပ်ပေးပါ။ ခွက်အောက်ခြေကို ခက်ရင်းလေးနဲ့ ၃ ချက်လောက် ထိုးပေးပါ။ ဒါဆိုရင် မုန့်ဖုတ်မယ့် ခွက်ကလေးတွေ အသင့်ဖြစ်နေပါပြီ။

၎။       အပူပိုင်းဒေသက လူတွေအတွက်- ကြက်ဥရည် အဆင်သင့်မဖြစ် ခင် အဲဒီခွက်ကလေးတွေကို ရေခဲသေတ္တာထဲမှာ ထားပေးပါ။

ကြက်ဥရည် ပြင်ဆင်ခြင်း

ကြက်ဥ  –  ၃ လုံး

ကြက်ဥအကာ  –  ၁ ခု

သကြား  –  ၈၀ ဂရမ်

ရေ  –  ၁၀ဝ ဂရမ်

နွားနို့  –  ၁၀ဝဂရမ်

Parmesan Cheese  –  စားပွဲဇွန်း ၃ ဇွန်း မောက်မောက်ခန့်

ပြုလုပ်နည်း

၁။       ရေနဲ့ သကြားကို အရင်ကျိုပြီး အအေးခံထားပါ။

၂။       ကြက်ဥနဲ့ နွားနို့ကိုခေါက်ထည့်ပြီး သမအောင်မွှေပေးပါ။

၃။       ပြီးလျှင် အဲဒီကြက်ဥရည်ကို ဆန်ခါ ၂ ခါလောက်ချပေးပါ။

၎။       ကြက်ဥရည်ထဲ ချိစ်ရောထည့်ပါ။

၅။       ပြီးလျှင် ခုနကလုပ်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ မိနစ်၂၀ ဖုတ်ပေးပါ။ ပြီးလျှင် ၁၆၀ ဒီဂရီကို လျှော့ချပြီး ၁၀ မိနစ် ထပ်ဖုတ်ပေးပါ။ ဒါဆိုရင် စားလို့ကောင်းတဲ့ ကြက်ဥမုန့်လေးတွေ ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments