Mix Choco Mocktail

by Bartender Pyone for Food Magazine

          နောက်ဆုံးအနေနဲ့ ဖော်ပြပေးမယ့် မော့တေးလ်လေးကတော့ ချောကလက်ကြိုက်သူတွေအတွက် အရသာတစ်မူထူးခြားနေမယ့် မော့တေးလ်လေးပါပဲ။ ချောကလက်ကလေးကိုမှ Raspberry အရသာလေးနဲ့ တွဲပြီး ဖျော်စပ်ထားတဲ့ မော့တေးလ်လေးပါ။ နေ့လယ်နေ့ခင်း Tea အချိန်လေးတွေမှာဆိုရင်တော့ အေးအေးလေးနဲ့ သောက်လို့ အတော်ကောင်းမယ့် အရသာလေးပါပဲ။

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့-

Raspberry Juice  –  180 ml

Chocolate Syrup  –  50 ml

Soda  –  120 ml

Whipped Cream  –  On Top

ပြုလုပ်နည်း

          ဒီမော့တေးလ်လေးကို ဖျော်မယ်ဆိုရင်တော့ ဖန်ခွက်ကြီးကြီးတစ်ခွက်တော့ လိုလိမ့်မယ်နော်။ ဖန်ခွက်ကြီးထဲကို ရေခဲအပြည့်ဖြည့်လိုက်ပါ။ ဦးစွာ Raspberry Juice ကို ဖော်ပြပါ အချိုးအတိုင်း လောင်းထည့်လိုက်ပါ။ ပြီးလျှင် Chocolate Syrup ကို အပေါ်ကနေ 50 ml ခန့် ထည့်လိုက်ပါ။ ပြီးလျှင် ဆော်ဒါလေး လောင်းထည့်ပေးလိုက်ပါ။ ပြီးလျှင် ဇွန်းလေးနှင့် Chocolate Syrup လေးတွေနှင့် Juice လေးတွေ နည်းနည်းလောက် သမသွားအောင် မွှေပေးလိုက်ပါ။ ပြီးလျှင် အပေါ်မှ Cream လေး အနည်းငယ် On Top တင်ပြီးပါက အသင့်သုံးဆောင်လို့ရပါပြီနော်။ ချောကလက်နဲ့ Raspberry တို့ရဲ့ ချိုမြမြ ချဉ်ချိုချို အရသာလေးကို Soda ရဲ့ Fizzy အရသာလေးနဲ့အတူ Cream ရဲ့ စိမ့်တဲ့ အရသာလေးကိုပါ အတူတွဲပြီး လျှာပေါ်မှာ ခံစားလို့ရမှာမို့ ညနေခင်းတွေမှာ အပျင်းပြေ မော့တေးလ်လေး ဖျော်သောက်ကြည့်မယ်ဆို အတော်ပဲ နေမှာပါနော်။ ကဲ… ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များစွာကို မော့တေးလ်လေးတွေ ဖျော်သောက်ရင်း ပိုင်ဆိုင်နိုင်ကြပါစေ။

Facebook Comments