Mint Cooler (Home Made)

Mint Cooler (Home Made)

          ချွေးထွက်ခြင်းကြောင့် တစ်နေ့တာကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ခေါင်းကိုက်ခြင်း၊ မူးမော်ခြင်းတွေကို သက်သာစေမယ့် Drink ဆေးတစ်မျိုးကို စဉ်းစားထားပါတယ်။ Non-Aacohol Drink ဖြစ်လို့ သက်ကြီးရွယ်အိုတွေနဲ့လည်း သင့်တော်ပါတယ်။ လူမျိုး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျားမ လူကြီးမရွေး အလွယ်တကူ သုံးဆောင် နိုင်သလို တန်ဖိုးလည်း အလွန်နည်းပြီး အကျိုးအာနိသင်များလှတဲ့ Mint Cooler (Home Made) လေးကို ဘယ်လိုပြုလုပ်သလဲဆိုတာ ကြည့်လိုက်ပါဦး။

‡

►    ပါဝင်ပစ္စည်းများ

♦    Branch of Mint Leaves   –   1Bnc

♦   ပူစီနံ   –   ၁ စည်း

♦   Lime Juice   –   30 ml

♦   သံပရာရည်   –   ၁ ပတ်

♦   Sugar Syrup   –   40 ml

♦   သကြားရည်   –   ၁   ၁/၃ပတ်

♦   Drinking Water   –   120 ml

♦   သောက်ရေသန့်   –   ၄ ပတ်

►    ‡ပြုလုပ်ပုံ

          အရင်ဦးစွာ ပါဝင်ပစ္စည်းများ အားလုံးကို Blender ထဲသို့ အချိုးအစားအတိုင်းထည့်ပါ။ ထို့နောက် သမပြီး Mint Leaves များအားလုံး ကြေညက်သွားသည်အထိ မွှေပါ။ ထို့နောက် ရေစစ်ဖြင့် အဖတ်များမပါအောင် သေချာစစ်၍ ဖန်ခွက်အတွင်းသို့ လောင်းထည့်ပါ။ ထို့နောက် ရေခဲထည့်၍ Lime Wheel, Mint Leave လေးများဖြင့် အလှဆင်ပြီးပါက သောက်ချင်စဖွယ် Mint Cooler လေးကို ရရှိပြီဖြစ်ပါတယ်။

♦   Leo Phyo   ♦

Facebook Comments