Milky Tender

Milky Tender

            ကော့တေးလ်တွေအလှည့်ပြီးတော့ကာ မော့တေးလ်အလှည့်ရောက်ပါပြီ။ ပြီးခဲ့တဲ့လက နွားနို့ Promotion Lounge တစ်ခုမှာ သွားရောက်လက်စွမ်း ပြခဲ့တဲ့အထဲကမှ လူတော်တော်များများ အကြိုက်တွေ့ခဲ့တဲ့ မော့တေးလ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်မအပါအဝင် ကလေး၊ လူကြီး  လူတော်တော်များများမှာ အချို့ကလွဲလို့ နွားနို့ကို ဒီအတိုင်းသောက်ရတာ အီတယ်လို့ထင်တာရယ်ကြောင့်ရော အရသာမရှိဘူးလို့ထင်တာရယ်ကြောင့်ပါ သူ့ချည်းပဲသောက်မယ်ဆို သိပ်မသောက်ဖြစ်ပါဘူး။ အဲ  ဒါပေမဲ့ Milk Shake ဆိုလို့ကတော့ ဘာမစ်ရှိတ်ပဲဖြစ်ဖြစ် ကြိုက်ကြပြန်ရော။ အဲဒါကြောင့် ရာသီဥတုနဲ့လည်းကိုက်ညီပြီး နွားနို့လည်းသောက်ဖြစ်အောင် နည်းနည်းဆန်းပြားတဲ့ Milk Shake လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေလည်း သိပ်မများတာကြောင့် အိမ်မှာ အလွယ်တကူ ဖျော်သောက်လို့ကောင်းပါတယ်နော်။

►   လိုအပ်တာတွေကတော့

♦   Blueberry Syrup (ဘလူးဘယ်ရီသီးအဆီရည်)   –   30 ml

♦   Mint Leaves (ပူစီနံရွက်)   –   1 – 2 Springs

♦   Milk (နွားနို့)   –   180 ml

♦    Topping  Candy Seed   –   a little

►    ပြုလုပ်နည်း

            ဘလူးဘယ်ရီ Syrup အရည်ကို City Mart တို့လို ကုန်တိုက်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။ အိမ်မှာ တစ်လုံးလောက်ဝယ်ထားပြီးရင် ဖျော်ရည်ပဲဖျော်သောက်သောက် Milk Shake ပဲဖျော်သောက်သောက် အဆင်ပြေတာမို့ တစ်ပုလင်းလောက်တော့ အိမ်မှာဆောင်ထားသင့်ပါတယ်။ ပြီးလျှင် Mint Leaves လို့ခေါ်တဲ့ ပူစီနံရွက်လေး၊ ငါးရွက်ခန့်ကို အရွက်ချည်းပဲခြွေယူကာ မွှေစက်ထဲသို့ Blueberry Syrup ၊ နို့တို့ကိုပေါင်းထည့်ကာ ရေခဲသုံးလေးတုံးခန့်ထည့်ပြီး ပူစီနံရွက်ကလေးတွေ ကြေသွားတဲ့ အထိမွှေပြီးပါက ဖန်ခွက်ထဲသို့လောင်းထည့်ကာ အသင့်သောက်သုံးနိုင်ပါပြီနော်။ Mint Leaves လို့ခေါ်တဲ့ ပူစီနံ ရွက်ကတော့ အစာအိမ်ကိုကောင်းမွန်စေတဲ့ ဓာတ်သတ္တိနဲ့အတူ စိတ်ခံစားမှုကိုပါ ကောင်းမွန်စေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း စတဲ့အကျိုးကျေးဇူးတွေပါဝင်တာမို့ အစာလည်းဆေး ဆေးလည်းအစာ နေ့လယ်နေ့ခင်း အပျင်းပြေ Milk Shake ဖျော်သောက်မယ်ဆိုရင် အသင့်တော်ဆုံးပါပဲလို့ ညွှန်းလိုက်ရပါတယ်နော်။ ပုံမှာပြထားတဲ့ ဖန်ခွက်နှုတ်ခမ်းက အလှ Garnish လေးတွေလုပ်ချင်တယ်ဆိုရင်တော့ ဖန်ခွက်နှုတ်ခမ်းကို  စိုစွတ်အောင်လုပ်ပြီး Topping Candy ကလေးတွေကို ကပ်လိုက်ရုံပါပဲနော်။  ဘလူးဘယ် ရီရဲ့ ချဉ်ပြုံးပြုံး မွှေးတေးတေးအရသာနှင့်အတူ ပူစီနံရွက်လေးများကိုဝါးမိလို့ ထွက်လာတဲ့အမွှေးနံ့လေးနဲ့ ပေါင်းစပ်လို့ သောက်ရတာ ကလေးကော လူကြီးပါကြိုက်နှစ်သက်မယ့် အရသာပဲဖြစ်ပါတယ်။

♦   Pyone   ♦

Facebook Comments