Milk Buns

Evy_1

          ပထမ Yam Bunsများလိုပဲ လွယ်ကူတဲ့ နောက်ပေါင်မုန့် တစ်မျိုးကတော့ နို့ပေါင်မုန့်ပါ။ ရိုးရိုးပေါင်မုန့် အချိုပေါ်မှာ မုန့်သားအမွလိုဖြစ်အောင်လုပ်ထားတဲ့ ထောပတ်နဲ့ နို့ကိုဖြူးပြီး ဖုတ်ထားတာကြောင့် နို့နံ့သင်းသင်းနဲ့ စားလို့အရသာရှိပါတယ်။ မုန့်သားကတော့ ပထမပေါင်မုန့်လုပ်တဲ့ အချိုးအတိုင်းပါပဲနော်။ အပေါ်မှာ ဖြူးထားတဲ့ နို့အတွက်သာ နည်းနည်းထပ်လုပ်ရတာပါ။

►    ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)

>>    အစု (၁)

♦   ပေါင်မုန့်ဂျုံ    –    ၁၁၅ ဂရမ်

♦   Yeast    –    ၂.၅ ဂရမ်

♦   ရေ    –    ၈၅ မီလီလီတာ

>>   အစု (၂)

♦    ကြက်ဥ     –    ၁ဝ ဂရမ် (ခေါက်ပြီးသား)

♦    သကြား    –    ၃ဝ ဂရမ်

♦    ဆား    –    ပါရုံမျှ

♦    ရေအေး    –   ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်နော်)

♦    Yeast    –    ၁.၂၅ ဂရမ်

>>    အစု (၃)

♦    ထောပတ်     –     ၁ဝ ဂရမ် (အခန်းအပူချိန်)

♦    ပေါင်မုန့်ဂျုံ     –    ၅ဝ ဂရမ်

►    ထောပတ်၊ နွားနို့ Topping ပြုလုပ်နည်း

♦    ကိတ်ဂျုံ    –    ၄ဝ ဂရမ်

♦    ထောပတ်     –     ၃ဝ ဂရမ်

♦   သကြား    –   ၃ဝ ဂရမ်

♦   နို့မှုန့်    –      ၅ ဂရမ်

          ထောပတ်မှလွဲပြီး ကျန်တာတွေကို အရင်မွှေပါ။ နောက်မှ ထောပတ်ကိုထည့်ကာ အခဲအမွလေးများဖြစ်အောင် ခြေယူပါ။

ပေါင်မုန့်ပြုလုပ်နည်း

၁။       ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ။

၂။       နောက် အစု (၂) နဲ့ အစု (၃) – ဂျုံ ကို ရောထည့်ပြီး ၇ မိနစ် လောက်မွှေပါ။

၃။       နောက် ထောပတ်ကိုပါ ထည့်ပြီး ဂျုံသားချောမွတ်အောင် နယ်ပေးပါ။ (၂ဝ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)

၎။       ၁ဝ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ။

၅။       နောက် ၅ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို မိမိနှစ်သက်ရာပုံ သွင်းကာ နောက်ထပ် တစ်ကြိမ်ထပ်ပွအောင် ၁၅ မိနစ်ခန့်ထပ် စောင့်ပါ။

၆။       ပြီးမှ ထောပတ် Topping ကိုဖြူးကာ ၁၇ဝ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။ လုံးဝအေးသွားမှ သုံးဆောင်ပါ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments