Matcha Swiss Roll

by Evy’s Kitchen for Food Magazine

          Green Tea  အရသာ ခါးသက်သက်ကလေးနဲ့ Dairy Whipping Cream သုံးပြီး လုပ်ပြထားတဲ့ Swiss Roll ပါ။ အကယ်၍များ Red Bean အချိုဘူးလေးတွေ အလွယ်တကူ ဝယ်လို့ရရင် အဲဒီပဲလေးတွေကို အချိုရည်စစ်ထုတ်ပြီး  ခရင်မ်ပေါ်မှာ ဖြန့်ပေးပြီးမှ လိပ်ပေးပါ။ အဲဒါက Green Tea နဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

          မအိက မုန့်လုပ်တဲ့နေရာမှာ SP တွေ ဘာတွေသုံးလေ့မရှိပါဘူး။ Chemical ပစ္စည်းဆိုလို့ Baking Powder ပဲ ပါပါတယ်။  အိမ်လုပ် မုန့်ပါဆိုမှ အဲဒီလိုမျိုးတွေ မသုံးနိုင်လေ ကောင်းလေလို့ ယူဆလို့ပါ။ မုန့်သားကတော့ အဲဒီလိုနုဆေးတွေ မသုံးထားတော့ အဲဒီလောက် နုချင်မှနုပေမယ့် သဘာဝမုန့်သားကလည်း သူ့ဟာနဲ့သူတော့နူးညံ့ပြီး စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး

သကြား  –  ၇၀ ဂရမ်

ဂျုံ  –  ၈၀ ဂရမ်

Baking Powder  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

Green Tea Powder  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ  –  ၃၀ ဂရမ်

ဗနီလာအနံ့  –  အနည်းငယ်

ကိတ်မုန့်လုပ်နည်းအဆင့်ဆင့်

(၉ လက်မ x ၁၃ လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)

၁။       ဂျုံ၊ Green Tea အမှုန့်နဲ့ Baking Powder ကို ဆန်ခါချထားပါ။

၂။       ကြက်ဥနဲ့ သကြားကို ဖြူပြီး ပွလာအောင် စက်နှင့် ခေါက်ပေးပါ။ Ribbon Like Stage ရောက်သည်အထိ မွှေရပါမယ်။

၃။       ပြီးလျှင် ဆန်ခါချပြီးသား ဂျုံအရောကို အသာအယာ ရောမွှေပေးပါ။

၎။       မုန့်နှစ် သုံးပုံတစ်ပုံကိုယူပြီး ဆီနဲ့ ဗနီလာအနံ့အရောထဲ ထည့်မွှေပါ။

၅။       ပြီးလျှင် ကျန်မုန့်နှစ်များနဲ့ ပြန်ရောကာ မုန့်ဖုတ်စက္ကူခင်းထားသောဗန်းမှာ မုန့်နှစ်ကို အပြည့်ဖြည့်ခင်းပေးပါ။

၆။       ထို့နောက် ၁၈၀ ဒီဂရီ အပူပေးထားသော အာဗင်မှာ ၁၃ မိနစ်ခန့် ဖုတ်လျှင် ရပါပြီ။

၇။       မုန့်ကို ဗန်းထဲက ထုတ်ပြီး ခဏအအေးခံပါ။

၈။       အေးလုပြီဆိုလျှင် Dairy Whipped Cream ကို အဲဒီမျက်နှာပြင်မှာ ဖြန့်ခင်းပြီး မုန့်ကို အသာအယာလိပ်ပေးပါ။

၉။       အပေါ်မှာ ခရင်မ်၊ အသီးများနဲ့ အလှဆင်ပေးပါ။

၁၀။     ရေခဲသေတ္တာထဲ နာရီဝက်ခန့်ထားပြီးလျှင် စားလို့ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments