Matcha Brownies

by Evy’s Kitchen for Food Magazine

          ဒီတစ်ခါတော့ Green Tea Brownies ပေါ့။ ရိုးရိုး ဘရောင်နီအရသာကနေ ခွဲထွက်ထားပြီး အရသာ တစ်မျိုးထူးပါတယ်။ ဘရောင်နီအတွက် မပါမဖြစ် ချောကလက်အတွက်ကတော့ White Chocolate ကို သုံးပါတယ်။

ပါဝင်ပစ္စည်းများ

ချောကလက်အဖြူ  –  ၁၂၅ ဂရမ်

ဆီ  –  ၁၂၀ ဂရမ်

သကြား  –  ၁၂၅ ဂရမ်

ကြက်ဥ  –  ၃ လုံး

ဂျုံ  –  ၉၀ ဂရမ်

Baking Powder  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

Matcha Powder  –  စားပွဲဇွန်း ၃ ဇွန်း

ချောကလက်စေ့  –  အနည်းငယ်

ဗနီလာ  –  အနည်းငယ်

မုန့်ဖုတ်နည်းအဆင့်ဆင့်

၁။       ဦးစွာ ချောကလက်နဲ့ ဆီကို ရော၍အပူပေးပြီး အအေးခံထားပါ။

၂။       ဂျုံ၊ Baking Powder နဲ့ Matcha Powder ကို ဆန်ခါချထားပါ။

၃။       ကြက်ဥ၊ ဗနီလာနဲ့သကြားကို ပွလာအောင် စက်နှင့်ခေါက်ပေးပါ။  Ribbon Like Stage ဖြစ်ရပါမယ်။  အဲဒီလိုဖြစ်လာပြီဆိုရင် ချောကလက်ဆီ အရည်ကို အသာအယာ ထည့်မွှေပေးပါ။

၎။       နောက်ဆုံးမှာ ဂျုံအရောနဲ့ ချောကလက်စေ့များ ထည့်မွှေပေးပါ။

၅။       ပြီးလျှင် မုန့်ဖုတ်မယ့်ဗန်း (၉ လက်မ x ၁၃ လက်မ ဗန်း)မှာ ထည့်ပြီး ၁၇၀ ဒီဂရီမှာ ၃၅ မိနစ်မှ မိနစ် ၄၀ ခန့်ဖုတ်ပေးပါ။ မုန့်ကျက် မကျက်ကို တုတ်ချွန်လေး နှင့် ထိုးပြီး စမ်းပါ။ မုန့်သား ကပ်မပါလာလျှင် ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments