Mango Vampire

Mango Vampire

        ကဲ Alcohol မပါဝင်တဲ့ မော့တေးလ်ကဏ္ဍကို ရောက်ရှိလို့လာပါပြီ။ ပထမဆုံးမော့တေးလ်အနေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Sangria Mocktail အမျိုးအစားဖြစ်တဲ့ Vampire Mango လေးပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းလည်း သိပ်မများသလို ပြုလုပ်ရတာလွယ်ကူပြီး မိန်းကလေးတွေနှင့် ကလေးငယ်လေးတွေပါ သောက်လို့ အဆင်ပြေမယ့် မော့တေးလ်အမျိုးအစားပဲ ဖြစ်ပါတယ်။ အိမ်မှာ ပါတီလုပ်ရင်ပဲဖြစ်ဖြစ် Hot Pot လုပ်စား ကြရင်ပဲဖြစ်ဖြစ် အများစာသောက်ဖို့ဖျော်မယ်ဆိုရင်လည်း လွယ်ကူပြီး လက်မဝင်တာမို့ ဒီတစ်လအတွက် Party Mocktail အဖြစ် ဖော်ပြလိုက်ရပါတယ်။ သူ့အရသာကိုပြောရရင်တော့ စပျစ်သီးဖျော်ရည်နှင့် စတော်ဘယ်ရီ အရသာတို့ ပေါင်းစပ်ထားသော ချိုမြမြနှင့် စပျစ်သီးနံ့မွှေးတေးတေးကို Sprite ရဲ့ Gas အရသာနှင့် ပေါင်းစပ်ထားလို့ သောက်ရတာ အဆင်ပြေပြီး တစ်ခွက်သောက်ပြီးပါက နောက်ထပ် သောက်ချင်လာမှာအမှန်ပါပဲ။

►   ပါဝင်ပစ္စည်းများ (တစ်ခွက်စာ)

♦   Black Grape Juice  –   120 ml

     (စပျစ်အချိုရည်)

♦   Strawberry   –   10 ml

   စတော်ဘယ်ရီ အဆီရည်

♦   Sprite   –   on top

♦   Mango Dice   –   a little

     (သရက်သီးကို ဓားနှင့် အတုံးသေးသေးလေးတွေ တုံးထားပါ)

►   ပြုလုပ်နည်း

        ဖျော်စပ်ဖို့အတွက်ကတော့ Black Grape Juice ကို City Mart တို့မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ပထမဦးစွာ ရေစင်စင်ဆေးထားသော သရက်သီးအခွံများဖယ်ပြီး တုံးသေးသေးလေးတွေဖြစ်အောင် တုံးလိုက်ပါ။ ပြီးလျှင် ဖန်ခွက်တစ်လုံးထဲသို့ ရေခဲ နှစ်တုံးခန့် ခြေမွထားသော ရေခဲတွေ အရင်ထည့်ပါ ။ ထို့နောက် စတော်ဘယ်ရီ အချိုအဆီရည်ကို အနည်းငယ်ခန့် အနံ့အရသာကောင်းမွန်စေရန်နှင့် အမြင်လှစေရန် ဖော်ပြထားသော အချိုးအစားတိုင်းထည့်ပါ။ ထို့နောက် စပျစ်အချိုရည်နှင့် Sprite ကို ပါဝင်အချိုးအစားအတိုင်း ထည့်ပြီးပါက နောက်ဆုံးအနေနဲ့ သရက်သီး အစိတ်သေးသေးလေးများကို အပေါ်က လောင်းထည့်ပြီးသည်နှင့် အသင့်သောက်သုံးနိုင်သော Mocktail Mango Vampire တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ ။ အချိုအရသာ မကြိုက်သူတွေအတွက်ကတော့ Sprite အစား Soda ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်နော်။ ကဲ Mango Vampire နှင့် လန်းဆန်း အပျင်းပြေ စိတ်အပန်းပြေနိုင်ကြပါစေ။

♦   Pyone   ♦

Facebook Comments