Mango Lemonade

Mango Lemonade

            မိုးရာသီမှာ မွှေးကြိုင်တောက်ပနေတဲ့ ရာသီပေါ်အသီး တစ်မျိုးဖြစ်သော သရက်သီးမှည့်လေးများကို အရသာပိုထူးအောင် Alcohol (သို့) Cocktail ကြိုက်သော ပရိသတ်များအတွက် လွယ်ကူစွာ ဖျော်စပ်နိုင်သော “Mango Lemonade” Drink လေးကို Vodka နဲ့ ရောစပ်ကြည့်ရအောင်။

►   ပါဝင်ပစ္စည်းများ

♦   Vodka   –   45 ml (Mango Flavour)

♦   Triple Sec   –   15 ml

♦   Lime   –   10 ml

♦   Sugar   –   10 ml

♦   Fresh Mango   –   3 Wedges or 4

♦   Sprite To Up

►   ပြုလုပ်နည်း

            ပြုလုပ်မည်ဆိုပါက အရင်ဦးဆုံး Shaker ထဲသို့ Fresh Mango သရက်သီးစိတ် ၃ စိတ် (သို့) ၄ စိတ်ကို လှီးပြီးထည့်ပါ။ Vodka (Mango Flavour) 45 ml, Triple Sec 15 ml, Lime နှင့် Sugar ကို အချိုးညီစွာထည့်ပြီး အနည်းငယ်ခြေပေးပါ။ ထို့နောက် Ice ရေခဲ ၂ တုံးလောက်ထည့်ပြီး Shake လိုက်ပါ။ သရက်သီးရနံ့လေးများ သင်းလာသော Drink လေးကို မိမိသုံးမည့် Rock Glass ထဲသို့ ထည့်လိုက်ပါ။ (ခွက်အရှည်ကို သုံးပါက အရသာပျော့သွားနိုင်သောကြောင့် Rock Glass က ပို၍ သင့်တော်ပါတယ်။) အားလုံးပြီးပြီဆိုရင်တော့ Sprite (သို့) Lemonde ကို အနည်းငယ်အပေါ် မှ လောင်းလိုက်ပါ။ Lemon Slice ၂ ခုလောက် ထည့်လိုက်ပြီးရင်တော့ “Mango Flavour” နှင့် လန်းဆန်းချိုမြသော “Mango Lemonade” ကို ခံစားနိုင်ပါပြီ။

            Glass ကိုတော့ Rock Glass ကို သုံးပါ။ အလှဆင်ဖို့ Garhish ကိုတော့ Mango Slice သရက်သီးစိတ် ၂ ခြမ်းနှင့် Lemon သံပရာတစ်စိတ်ဆိုရပါပြီ။

♦   Kelvin   ♦

Facebook Comments