
11 - February - 2019
by Dexter Bistro for Food Magazine
နောက်အချိုပွဲလေးကတော့ Mango Cupcake သရက်သီးကပ်ကိတ်လေးပါ။ မအီမဆိမ့်ဘဲ ဂေါ်ဖီထုပ် အစာသွတ်ဟင်းလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ စိန်တစ်လုံးသရက်သီး (သို့) City Mart က သရက်သီးကို စိတ်ကြိုက်သုံးပြီး လုပ်ကြည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဂျုံမှုန့်ရိုးရိုး – ၁ ၁/၂ ခွက်
ဘေကင်ပေါင်ဒါပွဆေး – လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
သကြားဖြူရိုးရိုး – ၁ ခွက်
ကြက်ဥ (အလုံးကြီး) – ၂ လုံး (အခန်းအပူချိန်)
သရက်သီးအနံ့ရည် (Mango Extract) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဟင်းရွက်ဆီ (Vegetable Oil) – ၃/၄ ခွက်
နွားနို့ – ၂/၃ ခွက်
သရက်သီး – ၁ ခွက် (အတုံးသေးသေးတုံးထား)
ပြုလုပ်နည်း
၁။ အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင်မွှေပါ။
၂။ နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥတို့ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၄ မိနစ်ခန့် မွှေပါ။
၃။ သရက်သီးအနံ့ရည်နှင့် ဟင်းရွက်ဆီတို့ကို ရောထည့်ပြီး သမအောင်မွှေပါ။
၎။ ဂျုံမှုန့်အရောအနှောနှင့် နွားနို့ကို ရောထည့်ပြီး သမအောင်မွှေပါ။
(မှတ်ချက်။ Over Mix မလုပ်ရပါ)
၅။ မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ခင်းထည့်ထားတဲ့ ကပ်ကိတ်ပဲန်ထဲ ၃/၄ ပုံ ပြည့်ရုံသာ ထည့်ပေးပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)
၆။ သရက်သီးအတုံးသေးတွေကို ကပ်ကိတ်ခွက်တိုင်းရဲ့ မုန့်နှစ်ရည်ပေါ် အစီအရီ ထည့်ပေးပါ။ ညင်သာစွာ ဖိချပေးပါ။
၇။ Oven ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၁၈ မိနစ် (သို့) ၂၀ မိနစ် ဖုတ်ပါ။
၈။ တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့် စားသုံးနိုင်ပါပြီ။