Mango Cake (သရက်သီးကိတ်မုန့်)

by Dexter’s Bistro for Food Magazine

          သရက်သီးကို အလွယ်ကူဆုံး၊ အရသာအရှိဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ဒီကိတ် Recipe ထဲ ထည့်သုံး ထားပေးတယ်။ Online ရောင်းတဲ့ တပည့်တွေရဲ့ အရောင်းရဆုံး နာမည်အကြီးဆုံး Recipe တစ်ခု ဖြစ်ခဲ့တယ်။ စိန်တစ်လုံးသရက်သီးနဲ့ သုံးကြည့်ပါ။ ကြယ် ၅ လုံး ထွက်လာမယ့် သရက်သီးကိတ်လေးပါ။

လိုအပ်သောပစ္စည်းများ

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း

သကြားဖြူ  –  ၁ ခွက်

Yougurt ဒိန်ချဉ် (သို့) Sour Cream  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၃ လုံး (အခန်းအပူချိန်)

ဗနီလာအနံ့ရည် (သို့) သရက်သီးအနံ့ရည် (သို့)

Almond အနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဂျုံမှုန့်ရိုးရိုး  –  ၁ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီး  –  ၁ ခွက်

(အခွံချွတ်၊ အစေ့ထုတ်ပြီး အတုံးသေးသေးတုံးထားပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ထောပတ်၊ သကြားဖြူနှင့် ဒိန်ချဉ်တို့ကို ရောထည့်ပြီး ပွလာသည်အထိ လျှပ်စစ် လက်မွှေတံနဲ့ ၄ မိနစ်ခန့် မွှေပေးပါ။

၂။       ကြက်ဥနှင့် အနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၃။       နောက်အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးတို့ကို သမအောင်ရောနှောပြီး ဆန်ခါစစ်ချပါ။

၎။       ဂျုံမှုန့်အရောအနှောကို ထောပတ်အရောအနှောထဲ လောင်းထည့်ပြီး သမအောင် မွှေပေးပါ။

၅။       မုန့်နှစ်ရည်အရောအနှောကို Parchment စက္ကူခင်းထားတဲ့ ၈” x ၈” လေးထောင့် ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင်ညှိပေးပါ။

၆။       အတုံးသေးတုံးထားတဲ့ သရက်သီးကို မုန့်နှစ်ရည် မျက်နှာပြင်ပေါ် အညီအမျှ စီထည့်ပေးပါ။

၇။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို မိနစ် ၄၀ (သို့) ၄၅ မိနစ်ခန့် ဖုတ်ပေးပါ။

၈။       မုန့်ဗန်းကို အာဗင်ထဲထည့်၍ မိနစ် ၂၀ ခန့်အကြာမှာ မုန့်ဗန်းမျက်နှာပြင်ပေါ် Aluminium စက္ကူကို အုပ်ပြီး ကာထားပေးပါ။ (မျက်နှာပြင်မတူးစေရန်)

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားမျက်နှာပြင်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments