
17 - February - 2017
Lychee Shakerato
ဒီလအတွက်တော့ ရာသီဥတုလည်း ပူလာတာနဲ့ အမျှသောက်လို့ကောင်းမယ့် ကော်ဖီအအေး လည်းဖြစ်ပြီး အပူပေါ့ပါးပြီး လန်းဆန်းစေမယ့် Shakerato ကော်ဖီအမျိုးအစား ဖန်တီးပေးမှာဖြစ်ပါတယ်။ Shakerato ဆိုတာကတော့ ကော်ဖီ (အက်စပရပ်စို) ကို ရေခဲတုံးများနဲ့ Shaker (ကော့တေးအဖျော်သုံး စတီးခွက်) ထဲထည့်ပြီး ကော့တေးစပ်သလို လှုပ်ခါပြီးဖျော်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖျော်လိုက်တဲ့အတွက် ရရှိလာမယ့် သောက်စရာအအေးကတော့ အလွန်အေးမှာဖြစ်ပြီး ကော်ဖီအမြှုပ်များ အပေါ်ယံလွှာမှာ ရရှိမှာဖြစ်တဲ့အတွက် သောက်လိုက်ရင် ပါးစပ်ထဲမှာ အေးအေးပျစ်ပျစ်လေး ခံစားမှုကောင်းတစ်မျိုးကို ရရှိမှာပါ။
ဒီ Shakerato ကော်ဖီအေးလေးထဲကို သောက်တဲ့အခါပိုလန်းဆန်းသွားအောင် (Lychee) လိုင်ချီှး Syrup နဲ့ (Rose) နှင်းဆီ Syrup တို့အပြင် Carbonated Soda ကိုပါထည့်ပါမယ်။ ဦးစွာပထမတော့ အက်စပရပ်စိုကို ကော်ဖီစက်မှ လတ်လတ်ဆတ်ဆတ် ချယူရမှာပါ။ ဒီသောက်စရာလေးမှာ Soda ကို ထပ်ထည့်ခြင်းကတော့ ပုံမှန် Shakerato ထပ်ပိုလန်းဆန်းစေပါတယ်။ Have a Great Coffee Day! ပါခင်ဗျာ။
► ပါဝင်ပစ္စည်းများ
♦ Espresso – 60 ml
♦ Lychee Syrup – 30 ml
♦ Rose Syrup – 3 drops
♦ Soda water – 80 ml
♦ Lychee Fruit for Garnishing
► ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဦးစွာပထမ အက်စပရပ်စိုကော်ဖီကို ကော်ဖီစက်မှချလိုက်ပါ။
၂။ ကော့တေးအဖျော်သုံးစတီးခွက် Shaker ထဲသို့ လိုင်ချီးနှင့် နှင်းဆီ Syrup တို့ကို အက်စပရပ်စိုနှင့် အတူထည့်လိုက်ပါ။
၃။ ခွက်ထဲသို့ ရေခဲတုံးလေးများထည့်ပြီး Shaker ကို သေချာစွာပြင်းပြင်းလေးလှုပ်ခါလိုက်ပါ။
၎။ Shaker ထဲမှယခုအခါ အေးလာပြီဖြစ်သော အရည်များကို သောက်မည့်ခွက်ထဲသို့ထည့်ပြီး အပေါ်ဆုံးမှာ Carbonated Soda ကိုအသာလေး လောင်းထည့်လိုက်ပါ။
၅။ အပေါ်ဆုံးမှ လိုင်ချီးသီးလေးနှင့် အလှဆင်လိုက်ပါ။
♦ Ko Zaw Phone ♦
Head of Element Coffee Academy (ECA) Training Center
facebook.com/element Myanmar
facebook.com/Element Coffee Academy
၁ဝ၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph: 01-524935