Lemongrass Honey Ginger Latte

Lemongrass Honey Ginger Latte

          အခု June လအတွက် ကော်ဖီအပူ Latte တစ်ခွက် ကိုဖန်တီးပါမယ်။ ဒီကော်ဖီလေးကို သောက်လိုက်ရငှ်စေ ကိုရောက်သွားတဲ့ ခံစားမှုမျိုး ရရှိနိုင်စေမယ့်စိတ်ကူးနဲ့ ဖန်တီးထားပါတယ်။

          ဒီခံစားမှုမျိုးပေးစွမ်းနိုင်အောင် အသုံးပြုထားတဲ့ ပါ ဝင်ပစ္စည်းများကတော့ စပါးလင်၊ ချင်း၊ ပျားရည်နဲ့ အက် စပရက်စိုကော်ဖီတို့ပဲ ဖြစ်ပါတယ်။ သောက်လိုက်တာနဲ့ Spa မှာ အပန်းဖြေအနားယူလိုက်သလို လန်းဆန်းမှုမျိုးကို ပေးစွမ်းပါလိမ့်မယ်။ Have a Great Coffee Day! ပါခင်ဗျာ။

  ပါဝင်ပစ္စည်းများ

♦   Lemongrass    –   2 Sticks

♦   Ginger   –   1/2 pc

♦   Honey   –   2 teaspoons

♦   Espresso   –   30 ml

♦   Milk   –   4 oz

♦   Lemon grass stick to granish

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဦးစွာ သောက်မည့်ခွက်ထဲသို့ ပျားရည်ကို အရင်ထည့်ပါ။

၂။      စပါးလင်နှင့် ချင်းတို့ကို အတုံးသေး သေးလေးများစိတ်ပြီး အဖျော်ဆရာ သုံး နွားနို့အမြှုပ်ရိုက်ခွက်ထဲသို့ နွားနို့ နှင့်အတူရောထည့်ပါ။

၃။      Espresso ကော်ဖီခွက်တွင် နွားနို့ အမြှုပ်ရိုက်ပါ။ (စပါးလင်၊ ချင်းနှင့် နွားနို့အရော)

၎။      ပျားရည်ထည့်ထားသော ခွက်ထဲသို့ အပေါ်မှ နွားနို့အမြှုပ် (၃) ဇွန်းကို လောင်းထည့်ပါ။

၅။      ယခုအခါ စပါးလင်၊ ချင်းတို့ကို စစ်ထုတ်ပြီး နွားနို့အပူကို ဖြည်းဖြည်း ချင်းလျှောထည့်လိုက်ပါ။

၆။      အက်စပရပ်စို ကော်ဖီကို ကော်ဖီစက်မှ လတ်လတ်ဆက်ဆက်ကြိတ်ပြီး ဖျော်ယူလိုက်ပါ။

၇။      ရရှိထားသော အက်စပရက်စိုကော်ဖီကို အပေါ်ဆုံးမှ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။

၈။      အပေါ်ဆုံးမှ နွားနို့အမြှုပ် (၁) ဇွန်း ဖြည့်ထည့်လိုက်ပါ။

၉။      စပါးလင် အချောင်းလေးများနဲ့ အလှဆင်လိုက်ပါ။

   စာရေးသူ

ကိုဇော်ဘုန်း

Head of Element Coffee Academy (ECA)

facebook.com/elementMyanmar

facebook.com/ElementCoffeeAcademy

၁၀၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935, 511118

Facebook Comments