Lemon Square (လီမွန်စကွဲ)

by Dexter Bistro for Food Magazine

          အဆီအဆိမ့်မကြိုက်သူတွေအတွက် လီမွန်နံ့သင်းသင်းလေးနဲ့ လုပ်ပေးထားတဲ့ ဒီ လီမွန်စကွဲကတော့ မနက်ပဲစားစား၊ နေ့လယ်ပဲစားစား၊ ညစာစားပြီးမှပဲစားစား မည်သည့်အခါမျှ မရိုးနိုင်မယ့် စကွဲ (Square) မုန့်လေးတစ်ခုပါ။ ချဉ်ချိုလေးမို့ အာရုံလေးလည်း လန်းစေပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကြက်ဥ  –  ၃ လုံး (အလုံးကြီး) (အခန်းအပူချိန်)

ရိုးရိုးသကြားဖြူ  –  ၁ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လီမွန်အနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လီမွန်ရည် (Lemon Juice)  –  ၁/၃ ခွက်

ဟင်းရွက်ဆီ  –  ၁/၂ ခွက်

Lemon Zest  –  စားပွဲဇွန်း ၂ ဇွန်း

(၁  ၁/၂ ဇွန်းကို မုန့်နှစ်ရည်ထဲ ရောထည့်ပြီး ၁/၂ ဇွန်းကို မုန့်နှစ်ရည် မျက်နှာပြင်ပေါ် ဖြန့်တင်ပါ။)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်၊ ဘေကင် ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ ကြက်ဥနှင့် သကြားကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် ပွလာသည်အထိ မွှေပါ။

၃။       ဗနီလာအနံ့ရည်နှင့် လီမွန်အနံ့ရည် ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       Lemon Juice နှင့် ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       Lemon Zest ၁  ၁/၂ ဇွန်းကို ရော ထည့်ပြီး သမအောင် မွှေပါ။

၆။       ဂျုံမှုန့်အရောအနှောကို ဖြည်း ဖြည်းချင်း လောင်းထည့်ပြီး သမအောင် မွှေပါ။

၇။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်၍ မျက်နှာပြင်ကို ညီညာအောင်လုပ်ပြီး ကျန်ရှိတဲ့ Lemon Zest ကို မုန့်နှစ်ရည် မျက်နှာပြင်ပေါ် နေရာအနှံ့ သမအောင် ဖြန့်ဖြူးပေးပါ။

၈။       အာဗင်ကို 350˚F (180˚C) ကြို အပူပေးပြီးလျှင် မုန့်ဗန်းကို ၂၃ မိနစ် (သို့) ၂၅ မိနစ်ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ လေးထောင့်အညီ လှီးဖြတ်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments