Lemon Poppy Seed Cake

by Evy’s Kitchen for Food Magazine

ဒီမုန့်ကတော့ အရင်က လုပ်ခဲ့ဖူးတဲ့ လီမွန်ထောပတ်ကိတ်ကို နည်းနည်းပြုပြင်ထားတဲ့ ကိတ်ပါ။

ဘိန်းစေ့ခပ်များများလေး ထည့်ထားတာကလည်း အရသာ တစ်မျိုး ကောင်းစေပါတယ်။ ပိုဆိမ့်အောင် ချိစ်အတုံးလေးတွေပါ လှီးထည့်ထားပါတယ်။ အဲဒါကို မထည့်လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၁၃၀ ဂရမ်

သကြား –  ၉၀ ဂရမ်

ဂျုံ –  ၁၅၀ ဂရမ်

ဘေကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ –  ၂ လုံး (ခေါက်မွှေထားပါ)

နွားနို့ –  စားပွဲဇွန်း ၃ ဇွန်း

ဘိန်းစေ့ –  ၄၀ ဂရမ်ခန့်

ချိစ် (နှစ်သက်ရာတစ်မျိုးမျိုး) –  ၁၅ ဂရမ်ခန့်

(အတုံးသေးသေးတုံးပါ)

လီမွန် –  တစ်ဝက် (အရည်ညှစ်ထားပါ)

သကြား –  စားပွဲဇွန်း ၁ ဇွန်း

(မောက်မောက်နှင့် ရောမွှေထားပါ)

ပြုလုပ်နည်း

၁။       မုန့်ဖုတ်မယ့်ခွက် (၈ လက်မ _ ၃.၃ လက်မ) ကို  ထောပတ်သုတ် လိမ်းပြီး ဆီစိမ်စက္ကူ ခင်းထားပါ။

၂။       ဂျုံနှင့် ဘေကင်ပေါင်ဒါကို ဆန်ခါချထားပါ။

၃။       ဦးစွာ သကြားနှင့် ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာ အောင် မွှေတံလေးနဲ့ မွှေပါ။

၎။       ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပါ။

၅။       ဂျုံနှင့်နို့ကို သကြားထောပတ်အရောထဲ ထည့်မွှေပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ-နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်း ထည့်မွှေပါ။ နောက်ဆုံး ဂျုံထည့် မွှေလျှင် ဘိန်းစေ့ကိုပါ ထည့်မွှေပါ။

၆။       ချိစ်အတုံးလေးတွေလည်း ထည့်မွှေပါ။

၇။       ပြီးလျှင် မုန့်ဖုတ်မယ့်ခွက်ထဲ ထည့်ပြီး ၁၈၀ ဒီဂရီနှင့် မိနစ် ၄၀ ခန့် ဖုတ်ပါ။

၈။       မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်အလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ် ကပ်မပါလာလျှင် ရပါပြီ။

၉။       မုန့်ကျက်လျှင် ဥလနည မှထုတ်ပြီး ကိတ်မျက်နှာပြင်ကို စူးချွန်ကလေးနဲ့ အပေါက်ကလေးများ ဖောက်ပေးပါ။ ပြီးလျှင် လီမွန်၊ သကြားအရော ကို မျက်နှာပြင်အနှံ့ လောင်းချပေးပြီး Wire Rack ပေါ်မှာတင်၍ အအေးခံပါ။

ပြီးလျှင် လီမွန်နံ့သင်းသင်းနဲ့ အရသာရှိတဲ့ ကိတ်လေးက အဆင်သင့် ဖြစ်ပါပြီ။

Facebook Comments

Menu