Lemon & Lemongrass Iced Tea

by Ko Zaw Phone for Food Magazine

Lemon & Lemongrass Iced Tea

          ဒီလမှာတော့ နွေရာသီပူပြင်းလာပြီဖြစ်တဲ့အတွက် Iced Tea Lemongrass Iced Tea လို့ ပေးထားပါတယ်။ ပူပြင်းတဲ့ ဒီရာသီမှာ သောက်လိုက်ရင် လန်းဆန်းအမောပြေသွားစေမယ့် အနံ့နဲ့ အရသာကိုပေးနိုင်ဖို့ Lemon ခေါ် လီမွန်သီးရနံ့ လက်ဖက်ရည် (Lemon Tea Syrup) နဲ့ စပါးလင်ရနံ့ (Lemongrass Syrup) တို့ကို အဓိကထားသုံးမှာဖြစ်ပါတယ်။ ဒီ လက်ဖက်ရည် အေးအေးမွှေးမွှေးလေးကို သောက်ပြီး အမောပြေကြပါစေ။

ပါဝင်ပစ္စည်းများ

Lemon Tea Syrup  –  30 ml

Lemongrass Syrup  –  15 ml

Ice Cubes

Water  –  4 oz

Lemon Wheel + Mint Leaves + Lemongrass for Garnishing

ပြုလုပ်ပုံအဆင့်ဆင့်များ

၁။       ခွက်ထဲသို့ Lemon Tea Syrup နှင့် Lemongrass Syrup တို့ကို ရောထည့်ပါ။

၂။       ရေခဲတုံးလေးများကို ခွက်တစ်ဝက်ကျော်သည်အထိ ထည့်ပါ။

၃။       ရေခဲရည်အေးကို လောင်းထည့်ပြီး အားလုံးကို ရောမွှေလိုက်ပါ။

၎။       နောက်ဆုံးအနေနဲ့ လီမွန်သီးအဝိုင်းလေးများ၊ ပူဒီနာအရွက်လေးများနှင့်အတူ စပါးလင်အရိုးလေးများနှင့် အလှဆင်လိုက်ပါ။

Facebook Comments