Lemon Bar (လီမွန်ဘား)

by Dexter Bistro for Food Magazine

အရမ်းအရမ်းကြိုက်တဲ့ Bar ဆိုတဲ့ မုန့်လေးတစ်ခုပါ။ မုန့်လေးရဲ့ အောက်ခံသားလေးနဲ့ Lemon Custard Topping Filling လေးဟာ ဘယ်လိုမှ နှိုင်းပြလို့မရအောင် နေနဲ့လ၊ ရွှေနဲ့မြလို ဖြစ်နေတော့ ကိုယ်တိုင်လုပ်စားကြည့် ချိန်မှာ ခံစားသိမြင်နိုင်မယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး

၁ ခွက်

ထောပတ်

စားပွဲဇွန်း ၈ ဇွန်း (အခန်းအပူချိန်)

သကြားဖြူပေါင်ဒါမှုန့်

၁/၄ ခွက်

ကြက်ဥ

၂ လုံး (အလုံးကြီး)

သကြားရိုးရိုး

၁ ခွက်

ဂျုံမှုန့်ရိုးရိုး

စားပွဲဇွန်း ၂ ဇွန်း

ဘေကင်ပေါင်ဒါပွဆေး

လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

လီမွန်ရည် (Lemon Juice)

စားပွဲဇွန်း ၂ ဇွန်း

လီမွန်အခွံခြစ် (Lemon Zest)

လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။   အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ထောပတ်နှင့် သကြားဖြူပေါင်ဒါမှုန့်တို့ကို ရောထည့်ပြီး ဇွန်းနဲ့ သမအောင် မွှေပါ။

၂။    အရောအနှောစုစည်းလာပြီး မုန့်သားပြားလေးဖြစ်လာလျှင် ၈” x ၈” လေးထောင့် ဗန်းထဲ ခင်းထည့်၍ မျက်နှာပြင်ကို ညီညာအောင် ညှိပေးပါ။

၃။    အာဗင်ကို 350˚F (180˚C) ကြိုအပူပေး၍ မုန့်ဗန်းကို အာဗင်ထဲထည့်ပြီး ၁၅-၁၇ မိနစ်ခန့် ဖုတ်ပါ။

၎။    မုန့်သားဘေးအနားသားညိုလာလျှင် မုန့်ဗန်းကို အာဗင်က ချက်ချင်းထုတ်ပါ။

၅။    နောက်အိုးတစ်အိုးထဲ ကြက်ဥနှင့် သကြားကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၃ မိနစ်ခန့် မွှေပါ။

၆။    ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါကို သမအောင်ရောနှော၍ ကြက်ဥ သကြား အရောအနှော အိုးထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။

၇။    လီမွန်ရည်နှင့် လီမွန်အခွံခြစ်ကို လောင်းထည့်ပြီး သမအောင် မွှေပါ။

၈။    အရောအနှောကို အာဗင်မှာ ဖုတ်ပြီး ထုတ်ထားတဲ့ မုန့်သားအောက်ခံပြားပေါ် လောင်းထည့်၍ မျက်နှာပြင်ကို ညီအောင်ညှိပါ။

၉။   မုန့်ဗန်းကို အာဗင်ထဲပြန်ထည့်ပြီး နောက်ထပ် ၂၅ မိနစ်ခန့် ဖုတ်ပါ။

၁၀။     အကယ်၍ မုန့်ဗန်းကို အာဗင်ထဲ ပြန်ထည့်ပြီး ဖုတ်နေစဉ် ၁၀ မိနစ်ခန့် အကြာမှာ မုန့်သားအပေါ်မျက်နှာပြင် စပြီးညိုလာလျှင် အလူမီနီယံငွေစက္ကူကို ဗန်းပေါ် ဖွဖွလေးအုပ်ပြီး ထပ်မံ၍ဖုတ်ပါ။

၁၁။     ပြီးလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါပြီ။

Facebook Comments