Kiwi Raspberry Green Tea Cup Cake (ကီဝီ ရက်စ်ပယ်ရီသီး ဂရင်းတီးကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          သောက်ဖူးတဲ့ အမေရိကန်လက်ဖက်ရည်တစ်မျိုးရှိတယ်။ Fruit Flavor Tea ပေါ့။ ကီဝီသီးနဲ့ Raspberry သီးကို အရသာထည့်ပြီး တီထွင်ထားတဲ့ American Tea တစ်မျိုးပေါ့။

          အဲဒီ Tea အိုင်ဒီယာလေးကို ဂျပန် Green Tea နဲ့ Fusion လုပ်ပေးလိုက်တယ်။

          ထွက်လာတဲ့ ရလဒ်ကတော့ ကြယ် ၅ လုံးပေါ့။

လိုအပ်သောပစ္စည်းများ

ဟင်းရွက်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ထောပတ် –   စားပွဲဇွန်း ၃ ဇွန်း

သကြားဖြူ  –  ၁/၂ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

ဗနီလာအနံ့ရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဂျုံမှုန့်ရိုးရိုး  –  ၁ ခွက်

ဂရင်းတီးပေါင်ဒါမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆိုဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

နွားနို့  –  ၁/၂ ခွက်

ကီဝီသီး (Kiwi)  –  ၁၂ ချပ်

Raspberry သီး  –  ၁၂ လုံး

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဟင်းရွက်ဆီ၊ ထောပတ်နှင့် သကြားဖြူတို့ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ဖြူပြီးပွလာသည်အထိ ၄ မိနစ်ခန့် မွှေပေးပါ။

၂။       ကြက်ဥကို တစ်လုံးချင်းခေါက်ထည့်ပြီး သမအောင်မွှေပြီးလျှင် ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၃။       နောက်အိုးတစ်အိုးထဲ ဂျုံမှုန့်ရိုးရိုး၊ ဂရင်းတီးပေါင်ဒါမှုန့်၊ ဘေကင်ဆိုဒါပွဆေး၊ ဘေကင်ပေါင်ဒါ ပွဆေးနှင့် ဆားတို့ကိုရောထည့်ပြီး သမအောင် မွှေပေးပါ။

၎။       ဂျုံမှုန့်အရောအနှောကို ထောပတ်အရောအနှောထဲ နွားနို့တစ်ဝက်နှင့်အတူ ၂ ခါခွဲပြီး သမအောင် မွှေပေးပါ။

၅။       မုန့်နှစ်ရည် အရောအနှောကို စက္ကူခွက်ခင်းထားတဲ့ Cupcake Pan ထဲ အညီအမျှ လောင်းထည့်ပါ။

၆။       ကီဝီသီးတစ်ချပ်စီနဲ့ Raspberry တစ်လုံးစီကို Cupcake ခွက်တစ်ခုစီပေါ် တင်ရုံလေး တင်ပေးပါ။ (ဖိမချပါနဲ့)

၇။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို မိနစ် ၂၀ ခန့် ဖုတ်ပေးပါ။

၈။       တုတ်တံချောင်းလေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး တုတ်တံအထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့်စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments