Kiwi Margarita

Kiwi Margarita

            “Kiwi Magarita” လေးကတော့ Tequila နှစ်သက်သူများ Bar တွေမှာ Margarita ကို ရင်းနှီးပြီးသား မိတ်ဆွေတွေအတွက်တော့ Maxican အစားအစာနှင့် တွဲဖက်တာများသလို Pizza, Pasta တို့နှင့်လည်း တွဲဖက်စားသောက်ကြပါတယ်။ ဤ Cocktail Drink လေးကို Kiwi သီးဖြင့် ရောနှောဖန်တီးပြီး Kiwi Magarita ကို ခပ်ပြင်းပြင်းရှရှဖြင့် အရသာလေး ထူးစေမယ်လို့ မျှော်လင့်ပြီး ဖျော်ကြည့်ရအောင်။

►   ပါဝင်ပစ္စည်းများ

♦   Tequila   –   45 ml

♦   Triple Sec   –   15 ml

♦   Lime Juice   –   10 ml

♦   Monin Kiwi Syrup   –   15 ml

♦   Sugar Syrup   –   15 ml

♦   Kiwi Fruit   –   1/2 pcs (Kiwi သီးအမှည့်)

►   ပြုလုပ်နည်း

            ပြုလုပ်ပုံကတော့ ဦးစွာ Shaker ထဲသို့ Tequlia 45 ml, Triple Sec 15 ml, Lime Juice (သံပရာရည်) 10 ml, Kiwi Syrup (ကီဝီ အချိုရည်အနှစ်) 15 ml, Kiwi Fruit အသီး 1/2 တစ်ဝက်နှင့် အချိုပိုပြီး နှစ်သက်ပါက သကြားရည် Sugar Syrup ကို 15 ml လောက်ထည့်ပြီး ချေတံ (Muddler) ဖြင့် အသီးများ ကြေအောင်ခြေပေးပါ။ ပြီးရင်တော့ Ice ရေခဲထည့်ပြီး Shake ပေးပါ။ မိမိအသုံးပြုမည့် Magarita Glass ၏ နှုတ်ခမ်းကို Salt Rim ဆားဖြင့် Rim ပေးပါ။ နှုတ်ခမ်းကို သံပရာသီးဖြင့် အရင်သုတ်ပြီး ဆားမှုန့်လေးများဖြင့် ထိလိုက်ပါက အမှုန့်လေးများ ကပ်နေပါမည်။ ဤခွက်ထဲသို့ Shake ထားသော Cocktail လေးကို Double Strain ပေးပါ။ Fine Straner ဆန်ခါဖြင့် စစ်၍ လောင်းထည့်လိုက်ပါ။ အစိမ်းရောင်သန်းနေပြီး Tequila ရနံ့ခပ်ပြင်းပြင်းလေးဖြင့် “Kiwi Magarita” ကို ရရှိပါပြီ။

            Glass ကတော့ Magarita Glass သုံးပြီး Salt Rim ပေးပါ။

            Garnish ကိုတော့ Kiwi သီးလေးတစ်စိတ်နဲ့ သံပရာသီးအခြမ်းလေးဆို ရပါပြီ။

♦   Kelvin   ♦

Facebook Comments