Kiwi Mango Cupcake (ကီဝီသရက်သီးကပ်ကိတ်)

by Dexter Bistro for Food Magazine

ကီဝီသရက်သီး (Kiwi Mango) ဖျူးရှင်းမုန့်တွေက အမေရိကား မှာ ခေတ်စားလာပြီး Smoothie Juice တွေမှာလည်း အလွန်ပဲ ရောင်းလာကြပါတယ်။

ကျွန်တော်ကတော့ ကပ်ကိတ်လေးထဲ ထည့်ပြီး အရသာလေး

၂ မျိုးကို ခံစားကြည့်စေချင်လို့ ဖျူးရှင်းလုပ်ပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး –  ၁  ၂/၃ ခွက်

ဘေကင်ပေါင်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဘေကင်ဆော်ဒါပွဆေး –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြားဖြူရိုးရိုး –  ၂/၃ ခွက်

ကြက်ဥ (အလုံးကြီး) –  ၂ လုံး (အခန်းအပူချိန်)

ဟင်းရွက်ဆီ (Vegetable Oil) –  ၁/၂ ခွက်

သရက်သီးအနံ့ရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီးအတုံးသေး –  ၄၈ တုံး

(ကပ်ကိတ် ၁ ခုကို ၄ တုံးစီထည့်ပါ)

ကီဝီသီး –  ၆ ကွင်း

(၁ ကွင်းကို တစ်ဝက် အညီအမျှ ဖြတ်ပါ။ ကွင်းဝက် ၁၂ ခု ရပါ

မယ်။ ကပ်ကိတ် ၁ ခုကို ကွင်းဝက် ၁ ခုထည့်ပါ။)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါ ပွဆေးနှင့် ဆားတို့ကို ရောနှောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောနှောထည့် ပြီး လျှပ်စစ်လက်မွှေတံနဲ့ ဖြူပြီး ပွလာတဲ့အထိ ၃ မိနစ်ခန့် မွှေပါ။

၃။       ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       သရက်သီးအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ထည့်ထားတဲ့ Cupcake Pan ထဲ အညီအမျှ လောင်းထည့်ပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်။)

၇။       သရက်သီးအတုံး ၄ တုံးနဲ့ ကီဝီသီး ကွင်းဝက်တစ်ဝက်စီကို ကပ်ကိတ် ၁ ခုစီအပေါ်  အညီအမျှ ထည့်ပါ။

၈။       အာဗင်ကို 375˚F (190˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို

၁၈ မိနစ်ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက် ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

 

Facebook Comments

Menu